အပိုင်း(၄၉၆)

Start from the beginning
                                    

"ကောင်းပြီလေ"
ရှားယွီလင်း ခေါင်းညိတ်သည်။ နောက်ကြည့်မှန်မှ တဆင့် သူမတို့ကားနောက် နောက်ယောင်ခံ လိုက်နေသော ကားကို ရိပ်ခနဲ မြင်မိသော်လည်း သူမက တရေးအိပ်ချင်ယောင်ဆောင်နေသည်။

ထို့နောက် သူမ၏အတွင်းရေးမှူးက ကားဒရိုင်ဘာကို အီတလီဘာသာစကားဖြင့် စကားပြောသည်။
"ငါတို့ ဘယ်အချိန် လှုပ်ရှားမယ် စီစဉ်ထားလဲ"

"ခြံကို သွားတဲ့လမ်းမှာ ငါတို့တွေ အန္တရာယ်များတဲ့ သုံးလမ်းဆုံကို ဖြတ်ရမယ်။ အဲဒီနေရာက အရှေ့ဥရောပရဲ့ သူခိုးဓားပြတွေ ကျင်လည်တဲ့ နေရာလေ။ သူ သောက်မယ့်ဝိုင်ထဲ အိပ်ဆေးခပ်လိုက်"

အတွင်းရေးမှူး၏မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသော်လည်း သူမ၏ခံစားချက်ကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ တုန်ရီနေသော လက်တစ်စုံဖြင့် ရှားယွီလင်း အိပ်မောကျနေစဉ် ဝိုင်ခွက်ထဲ အိပ်ဆေးခပ်လိုက်သည်။

"ရှားသူဌေး၊ ဝိုင်သောက်ဦးမလား"

ရှားယွီလင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး ခေါင်းညိတ်ပြသည်။

"ဒီမှာ ချထားလိုက်တော့"

ရှားယွီလင်းက ဝိုင်ခွက်ကို လက်ခံယူလိုက်ပြီး ဖန်ခွက် နှုတ်ခမ်းသားကို သူမ၏နှုတ်ခမ်းပေါ်  ဖွဖွလေးတင်ကာ တစ်ငုံ့သောက်ချင်ယောင် ဟန်ဆောင်သည်။ ထို့နောက် သူမ၏အတွင်းရေးမှူးလက်ထဲ ဝိုင်ခွက် ပြန်ထည့်ပေးသည်။

ထို့နောက် သူမ မျက်လွှာချပြီး အိပ်မောကျချင်ယောင် ဟန်ဆောင်သည်။

"အိုကေ ငါတို့အစီအစဉ် အောင်မြင်တယ်"
ရှားယွီလင်း အိပ်မောကျသွားသော မြင်ကွင်းကြောင့် အတွင်းရေးမှူး စိတ်အေးချမ်းသွားသည်။
"အခုလို လုပ်လို့ ငါ့ကို အပြစ်မတင်ပါနဲ့။ ထျန်းမမလေးအပေါ် ကျေးဇူးကြွေးတွေ များနေလို့ပါ"

ရှားယွီလင်း မလှုပ်မယှက် အိပ်နေသည်။ သူမ၏ဝိုင်ခွက်ထဲ အိပ်ဆေးပါမှန်း သိနေ၍ အိပ်မောကျချင်ယောင် ဆောင်နေခြင်း ဖြစ်သည်။ အတွင်းရေးမှူးက သူဌေး၏အခြေအနေကို နှစ်ခါစစ်ဆေးကြည့်ပြီးမှ ဒရိုက်ဘာဘက်လှည့်ကာ စကားပြောသည်။
"သူ့ကို ကြမ်းကြမ်းတမ်းတမ်း မနှိပ်စက်ပါနဲ့"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now