အပိုင်း(၄၉၅)

Start from the beginning
                                    

"ယန်ရှု သူ့ကို အိမ်ပြန်ပို့ပေးလိုက်"
ယနေ့အဖြစ်အပျက်က ထျန်းကျင်းရွှမ်ကို ထိချက်ပြင်းစေမှန်း သိနေ၍ သူ့ကို နှစ်သိမ့်ပေးရန် စုန့်ယန်ရှုကို အခွင့်အရေးပေးခြင်း ဖြစ်သည်။

"ကောင်းပါပြီ"

ထျန်းကျင်းရွှမ်က မို့ထင်၏ရုံးခန်းမှ လှည့်ထွက်လာစဉ် စုန့်ယန်ရှုက သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာသည်။

"ယန်ရှု၊ မင်းကို အားနာမိသလို ကျေးဇူးလည်း တင်ပါတယ်"

စုန့်ယန်ရှုက စိတ်ထဲမထားဟန် ခေါင်းခါသည်။
"ရှင်ကို ကာကွယ်ပေးခဲ့တဲ့သူက အစ်မထျန်းနင်ပါ။ ကျွန်မက ဘာမှ သိပ်မလုပ်ပေး ရပါဘူး"

"မဟုတ်ဘူး။ မင်းရဲ့ သတ္တိတွေက ငါ့ကို အထောက်အပံ့ ဖြစ်စေခဲ့တယ်"

ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ်က စုန့်ယန်ရှုနှင့် အတူတူ ဓာတ်လှေကားထဲ ဝင်လိုက်သည်။

အိမ်ပြန်ရောက်ပြီးနောက် ထျန်းအကြီးအကဲက ထျန်းကျင်းရွှမ်ကို ဧည့်ခန်းထဲမှ ဆိုဖာပေါ် ထိုင်ကာ စောင့်နေသည်။ သူ့ကို မြင်မြင်ချင်း ထျန်းအကြီးအကဲ စကားပြောသည်။
"တချို့က မှန်ကန်ဖြောင့်မတ်ပြီး လူတချို့က လုံးဝ ကျေးဇူး မသိတတ်ဘူး။ ငါ့မြေးလေးက လူကောင်းလူဆိုး မခွဲခြားတတ်ဘူးလား"

ထျန်းကျင်းရွှမ်၏နှုတ်ခမ်းက အပေါ်သို့ ကော့ညွှတ်သွားသော်လည်း စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။

"မိန်းကလေးက အများကြီး စတေးပေးခဲ့တာပဲ။ မိန်းကလေးကို ကျေးဇူးတင်ချင်လို့ ငါ့ကိုယ်စား လက်ဆောင် ယူသွားပေးပါ"

"ဟုတ်ကဲ့ နားလည်ပါပြီ ဘိုးဘိုး"
ထျန်းကျင်းရွှမ် ပင်ပန်းနေ၍ သူ့အိပ်ခန်းထဲ တန်းပြန်ခဲ့သော်လည်း ထျန်းအကြီးအကဲ ပြောခဲ့သော စကားများကို မေ့ဖျောက်မရပေ။

သူ့က အိပ်ရာပေါ်မှာ လှဲနေစဉ် သူ့စားပွဲခုံပေါ်မှ ဖန်တူရိယာများကို ငေးကြည့်လျက် အတွေးပေါ်လာသည်။ စုန့်ယန်ရှုအတွက် ဘာလုပ်ပေးနိုင်လဲ သူ သိလာသည်။

....

ထိုစဉ်အခိုက်အတန့် အခန်းတစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဧည့််ခန်းထဲ ရောက်နေသော ထျန်းရွှမ်က  ထျန်းအကြီးအကဲ၏ မျက်နှာချင်းဆိုင်မှာ မတ်တ်ရပ်လျက် ထျန်းအကြီးအကဲကို မထီမဲ့မြင် ပြုမူနေသည်။
"ဘိုးဘိုး၊ အန်တီက မနက်ဖြန် ဆွစ်ဇာလန် သွားမှာလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now