"ဒီနေ့သူမကို ကျောင်းလာပို့တာ မစ္စတာရှန့်လေ မစ္စရှန့်မဟုတ်ဘူး။ ကျွတ်စ်....ကြည့်ရတာ ကောလဟာလတွေက မှန်နေတယ်ထင်တယ်"

ဤအတင်းအဖျင်းကိုကြားသောအခါ ရှန်ယွဲ့ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှန်ယန်နဲ့အတူတူသာ တစ်ခန်းတည်းသင်ရရင် သူမရူးသွပ်နေတဲ့ တစ်ဦးတည်း​သော သခင်မလေးရှန့် ဆိုတဲ့စကားလုံးရှိတော့မှာမဟုတ်ဘူး။

သူမမျက်လုံးများကို လှိမ့်လိုက်ရင်း ရှန်ယွဲ့ကျက်သရေရှိစွာ ထရပ်လိုက်သည်။ သူမရဲ့ စကပ်ကိုသပ်ရပ်စွာ ပြုပြင်ပြီးနောက် စာအုပ်ကိုယူကာ အရပ်ရှည်ရှည်ကောင်လေး တစ်ယောက်ဆီသို့သွားလိုက်သည်။

"ဟန်ကျင်းယွီ....ငါဒီသခ်ျာပုစ္ဆာကို နင်နဲ့ ဆွေးနွေးချင်လို့ ရမလား"

အနည်းငယ် ငုံ့လိုက်​သောအခါ သူမ၏ ​တောက်ပသော အနက်ရောင်ဆံနွယ်များက လျောကျလာသည်။ သူမ ဆံပင်တွေကို နားရွက်နောက်သို့ ပို့လိုက်ပြီး ကြည်လင်တောက်ပတဲ့ မျက်လုံးတွေနဲ့ သူမရှေ့က စားပွဲမှာ ထိုင်နေတဲ့ ကောင်လေးကို လှပတဲ့ အပြုံးလေးနဲ့ ကြည့်နေတယ်။

သူမ၏မျက်လုံးထဲတွင် ဟန်ကျင်းယွီသည် သူမ၏ ချစ်သူဖြစ်နိုင်လောက်အောင် ကောင်းမွန်သည်။သူက ရုပ်ရည်ချောမောပြီး မိသားစုနောက်ခံကအဆင့်တန်းကောင်းကောင်းနှင့် တောက်ပတဲ့အနာဂတ်ရှိသည်။

ကောင်လေးက အသံတိုးတချက် ပြုလုပ်လိုက်တယ်။သူ၏ အသွင်အပြင်က ထုဆစ်ထားသကဲ့သို့ ရှိပြီး သူ၏ နက်မှောင်သော မျက်လုံးများက ကြည်လင်ပြီး တည်ငြိမ်နေသည်။သူက သူ့မလက်ထဲက စာအုပ်ကို ကြည့်လိုက်ပြီး "ကောင်းပြီ" ဟု ပြောလိုက်သည်။

မနီးမဝေးနေရာမှာရှိသော ကျောင်းသူကျောင်းသားများသည် သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာကြည့်ရင်း တီတိုးပြောဆိုနေကြသည်။

"သူတို့နှစ်​ယောက်က တကယ်ကို ကောင်းမွန်တဲ့ စုံတွဲလေးပဲ.."

"ဟုတ်​တယ်​ ​လှပတဲ့ကောင်​မ​လေး ​နဲ့ထက်​မြက်​တဲ့ ​ကောင်​​လေး"

"မဟုတ်ဘူး၊ သူတို့နှစ်ယောက်လုံး ရုပ်ရည်လည်းလှပပြီး ထက်မြတ်တဲ့သူတွေပဲလေ..."

"အိုး.. ဒီလို ခပ်ဆိုးဆိုး ဆံပင်ပုံစံနဲ့တောင် သူက အရမ်းချောနေသေးတာငါသာသူ့လိုလိုက်ညှပ်မယ်ဆိုရင် ဘယ်တောင်တောင် ရုပ်ဆိုးသွားမလဲမသိဘူးကွာ... "

"ဟက်? ဟန်ကျင်းယွီက ရှန်ယွဲ့ကိုသာ စာရှင်းပြပေးတာ ငါသွားမေးတုန်းကတော့ သူကငါ့ကို လျစ်လျူရှုလိုက်တယ်လေ!"

"ဟားဟား၊ နင်က တော်တော်တုံးတာပဲ သူသာနင့်ကိုရှင်းပြမယ်ဆိုရင် အနည်းဆုံးနာရီဝက်လောက်တောင် အချိန်ယူရမှာ ရှန်းယွဲ့ကကျတော့ အရမ်းထက်မြတ်တော့ အချိန်ကသိပ်ကုန်မှာ မဟုတ်ဘူးလေ။ ဟန်ကျင်းယွီလို ထက်မြတ်တဲ့သူက ဘယ်သူ့ကိုကူညီရမလဲဆိုတာ သေချာပေါက်သိတာပေါ့"

ဤအရာအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသောအခါ ရှန်ယွဲ့သည် ဟန်ကျင်းယွီကို ပို၍ပင် ချိုသာစွာ ပြုံးပြလိုက်သည်။

အဲ့အချိန်တွင်:

"အိုး..မိုင်ဂေါ့!"

တစ်စုံတစ်ယောက် ရုတ်တရက်အော်လိုက်ရာ ရှန်ယွဲ့နှင့် ဟန်ကျင်းယွီအကြောင်း ဆွေးနွေးမှုများ ရုတ်တရက် ရပ်သွားခဲ့သည်။

"သူမ ကတကယ်ကို​ဟော့တယ်!"

"အဲဒီမိန်းကလေးက ဘယ်သူလဲ။ တစ်မိနစ်အတွင်း သူမရဲ့ အကြောင်းကိုစုံစမ်းပေးကြစမ်းပါ"

"ငါလည်း သူမရဲ့အရင်က မတွေ့ဖူးဘူး ဒီလိုအလှလေးသာ ငါ့တိုကျောင်းမှာရှိရင် ဘယ်လိုလုပ်ငါက သူ့ကိုမသိရမှာလဲ"

စိတ်အနှောင့်အယှက်ဖြစ်သွားသော ရှန်ယွဲ့က မော့ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်တယ်။

ထိုအချိန်တွင် ရှန်ယန်သည် မစ္စချန်းလန်၏နောက်ကနေလိုက်လာပြီး အတန်းတစ်ကိုဖြတ်သွားခဲ့သည်။

သူမရဲ့ ကျောင်းဝတ်စုံက အဆင်သင့်မဖြစ်သောကြောင့် ခန်းဝေကျန်းက သူမအတွက် ကျော်ကြားတဲ့ဒီဇိုင်နာတစ်ယောက်ဆီက သီးသန့်မှာယူပေးထားသော JK ယူနီဖောင်းကိုဝတ်ဆင်ထားသည်။ ဝတ်စုံက သူမရဲ့ ရှည်လျားသွယ်လျသော ခြေထောက်ကိုပို၍ ပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိလှသည်။

သူမရဲ့ ပုခုံးတို့က ကောင်းမွန်စွာပုံသွင်းထားသကဲ့သို့ရှိနေပြီး သူမညှပ်ရိုးတို့က လက်ရာမြောက်စွာရှိနေပြီး သူမရဲ့မျက်နှာလေးကတော့ အလွန်လှပလျက်ရှိသည်။ သူမရဲ့ တသီးတသန့်ဖြစ်နေတည်နေတဲ့ ပုံရိပ်လေးက လူများအားမြင်မြင်ချင်းပင် ချစ်မိစေနိုင်သည်။ သူမကကောင်ကင်ကနေ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးတစ်ပါးလိုပင်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Hikayelerin yaşadığı yer. Şimdi keşfedin