အပိုင်း(၄၉၄)

Start from the beginning
                                    

လွန်ခဲ့သော ၁၂နှစ်ကျော်က ဖြစ်ရပ်ကို ကြားပြီးနောက် ရှားကျင်းရီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထျန်းနင်ကို ငေးစိုက်ကြည့်ကာ လည်ချောင်းခြောက်လာသည်။

"နင်တို့ရဲ့ ခမ်းနားထည်ဝါတဲ့ ဇာတ်ကြောင်းကို လူတိုင်း သိအောင် ပြောပြဖို့ အချိန်တန်ပြီပဲ"

"မရဘူး။ မပြောရဘူး"
ရှားကျင်းရီက ရုတ်တရက် ထအော်သည်။
"ငါ တောင်းပန်ပါတယ်။ မပြောပါနဲ့"

ထျန်းနင်၏နှုတ်ခမ်းက အပေါ်သို့ ကော့ညွှတ်သွားသော်လည်း  သူမ မရပ်တန့်ခဲ့ပေ။
"၁၂နှစ်ကျော်က ကိစ္စက အစပျိုး ပြောရရင်တော့..."

"ငါနဲ့လောရှင်း ချစ်သူ ဖြစ်ခဲ့တယ်"
ရှားကျင်းရီက ရွေးချယ်စရာ မရှိသည့် အဆုံး ဝန်ခံလိုက်သည်။
"ငါနဲ့ လောရှင်း ချစ်သူ ဖြစ်ခဲ့တယ်။ နင် ကျေနပ်ပြီလား"
ရှားကျင်းရီက ကြံရာမရသည့် အဆုံး ဝန်ခံလိုက်သည်။

"ပျော်နေမယ် ဟုတ်လား။ ငါက ဖိအားပေးတယ်လို့ လာအော်နေတာလား"
ထျန်းနင် ရယ်မောသည်။
"နင်ကိုယ်တိုင် ဖြေရှင်းမလား၊ ငါ ကိုယ်စား ရှင်းပြရမလား နင့်ကို ရွေးချယ်ခွင့် ပေးခဲ့တာပဲ"

ရှားကျင်းရီ၏ မျက်ဝန်းများ နီရဲသွားပြီး ခန္ဓာကိုယ်က တောင့်တောင့်ကြီး ဖြစ်သွားသည်။ ထျန်းနင်က ရွမ်ရှီဝမ်၏မိခင် သေဆုံးခြင်း အကြောင်းကို သိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"အဲလို မလုပ်ပါနဲ့.

"ငါ့မှာ ငြင်းဆန်ခွင့် မရှိဘူး"
ရှားကျင်းရီက ရွမ်ရှီဝမ်၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ရုတ်တရက် ထအော်သည်။
"အားလုံး နင့်အမှားပဲ။ ဘာလို့ ငါ့ကို ဖိအားပေးတာလဲ။ ငါက နင်နဲ့လက်ထပ်ဖို့ သဘောတူထားတုန်းတောင် လောရှင်းကို ဒုက္ခပေးဖို့ ကြံစည်နေသေးတယ်။ နင်ကသာ ငါ့ကို ရွေးချယ်ခွင့် မပေးခဲ့ဘူး"

ရှားကျင်းရီ၏ သွေးရူးသွေးတန်း အော်သံကို ကြားပြီးနောက် သတင်းထောက်များ တုန်လှုပ်သွားသည်။

"ငါ ဝန်ခံတယ်။ ငါ လောရှင်းရဲ့ အလုပ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ဒါတွေအားလုံးက ဒီလူရဲ့အစီအစဉ်တွေပဲ။ သူက လောရှင်း နဲ့ ငါ့ကို လက်စားချေချင်တာလေ"
ရှားကျင်းရီ က ရွမ်ရှီဝမ်ကို ဒေါသတကြီး လက်ညိုးထိုးကာ ခက်ထန်သော အမူအရာဖြင့် ပြောဆိုသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now