ရှားကျင်းရီက တွန်းဖယ်ခြင်း မရှိခဲ့ပေ။
ထိုမြင်ကွင်းကြောင့် ထျန်းကျင်းရွှမ်၏ ရင်ဘတ်ထဲမှ နှလုံးသားလေး ခုန်ထွက်လု မတတ် ခံစားရသည်။
စကားအပို ပြောနေစရာပင် မလိုအပ်ချေ။ ထျန်းကျင်းရွှမ် တန်းလှည့်ထွက်လာခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ၎င်းအမျိုးသားက ထျန်းကျင်းရွှမ်ကို ရိပ်မိသွားပြီး ယုတ်ညံ့စွာ ပြုံးလိုက်သည်။
"မင်းချစ်သူလေးက ငါတို့ချစ်ကြည်နူးနေတာ မြင်သွားပြီလေ"ရှားကျင်းရီ၏မျက်နှာထား ပြောင်းလဲသွားပြီး ကြောက်စိတ်မွှန်ထူသွားသည်။ သူမက ထျန်းကျင်းရွှမ်အနား အပြေးအလွှားသွားပြီး သူ့လက်ကို လှမ်းဆွဲသည်။
"လောရှင်း၊ ငါ ရှင်းပြပါရစေ""ရှင်းပြစရာ မလိုအပ်တော့ဘူး"
ထျန်းကျင်းရွှမ်က ချောက်ချားဖွယ် မျက်နှာအမူအရာဖြင့် သူမကို အဝေး တွန်းထုတ်သည်။"ငါ့မှာ တကယ် အကြောင်းအရင်း ရှိပါတယ်"
"ဘာအကြောင်းကိစ္စပဲ ရှိရှိပါ တခြားယောက်ျားကို နမ်းဖို့ လိုအပ်လို့လား"
"သူ့အမေက ငါ့ကြောင့် သေခဲ့ရတာပါ"
"ဒါနဲ့ပဲ သူ့ကို နမ်းခွင်ပြုတယ်လား။ သူနဲ့တောင် အိပ်ဦးမယ်မလား။ ရှားကျင်းရီ ဒါကို လှောင်ပြောင်စရာ ကိစ္စလို့ တွေးနေသလား။ ဒီကနေ့ကိစ္စကို ငါ မဖော်ထုတ်တော့ဘူး။ ဒါပေမဲ့ မင်းနဲ့ငါ တရားဝင် လမ်းခွဲမယ်"
ထိုစကားကို ပြောပြီးနောက် ထျန်းကျင်းရွှမ် လှည့်ထွက်လာခဲ့သော်လည်း ရှားကျင်းရီက ငိုယိုလျက် သူ့လက်ကို နောက်တစ်ကြိမ် လှမ်းဆွဲသည်။"လောရှင် ငါ နင့်ကို တကယ် ချစ်တာပါ"
"ငါ့ကို ချစ်တယ်ဆို တခြားကောင်နဲ့ ပလူနေဖို့ လိုအပ်လို့လား။ သူကရော မင်းအတွက် ဘာလဲ"
ရှားကျင်းရီက ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်သွားသည်။ သူမက ရုတ်တရက် နှုတ်ဆိတ်နေမိသည်။
"ငါ...""ငါက သူ့အချစ်ဦး။ အချစ်ဦးက မေ့ဖျောက်ရ ခက်ခဲတယ်လေ"
၎င်းအမျိုးသားက အေးစက်စက် ပြောသည်။
"လောရှင်း၊ မင်းကိုယ်တိုင် မြင်လိုက်တယ်မလား။ ငါ သူ့ကို နမ်းတော့ သူ ငြင်းလို့လား။ ဒါက အကောင်းဆုံး သက်သေပဲလေ"
![](https://img.wattpad.com/cover/356170434-288-k918167.jpg)
အပိုင်း(၄၈၉)
Start from the beginning