အပိုင်း (၁၀၈)+အပိုင်း (၁၀၉)

Ξεκινήστε από την αρχή
                                    

ရှန်ယွဲ့၏ ဩဇာလွမ်းနေသည့်စကားကို ကြားလိုက်ရသဖြင့် ရှန်ချန်မှာ ချက်ချင်း စိတ်အေးသွားတော့သည်။ ထို့နောက်တွင် သူက ထပ်မေးလိုက်၏။

" ဒါဆို မြို့တော်ဝန်က ဘာလို့ ငါတို့ကို ကူညီပေးတာလဲ၊ အစ်မ နင်သူနဲ့ သိလို့လား"

ဟန်လင်းအကြောင်းမေးလာချိန်တွင် ရှန်ယွဲ့သည် စကားစပျောက်သွားတော့သည်။ရှန်ချန်ကို ကျိုးမိသားစုအကြောင်းရှင်းပြဖို့ရာ သူမအတွက် မသင့်တော်ပေ။ ထို့ကြောင့် သူမက အပေါ်ယံလောက်သာ ပြောတော့သည်။

"မြို့တော်ဝန်ဟန်က လူကောင်းတစ်ယောက် ပြီးတော့ ကျောင်းသားတွေကို ဂရုစိုက်ပေးတတ်လို့နေမှာပေါ့"

"ဪ"

ရှန်ချန်က ခေါင်းညိတ်လိုက်ပြီး နောက်မေးခွန်းတစ်ခု ထပ်မေးပြန်သည်။

" အစ်မ ဒါဆို နင်က ဘာလို့ တိုက်ခိုက်တဲ့နေရာမှာ အဲလောက်တော်နေရတာလဲ၊ ဒီနေ့ နင် ကျန်းမိသားစုက လူငါးယောက်ကို တစ်ယောက်ထဲ အနိုင်ချခဲ့တာလေ၊ အထင်ကြီးစရာကောင်းလိုက်တာ"

ရှန်ယွဲ့က ပြန်ဖြေလိုက်၏။

" ငါ့လေ့ကျင့်ရေးတွေကြောင့်ပေါ့၊ ငါ နေ့တိုင်း အပြင်းအထန်လေ့ကျင့်နေတာ နင်မမြင်ဘူးလား"

သူမသည် သည်ခန္ဓာကိုယ်ထဲတွင် ပထမဆုံးပြန်လည်မွေးဖွားလာစဥ်က သူမ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်မှအားနည်းလေသည်။ သူမသည် ဝ,သော်လည်း အမှန်တွင်တော့ ခဏလောက်ရပ်ပြီးသွားလျှင်ပင် ချွေးများရွှဲနေအောင် ထွက်လာတတ်သည်။ လေတိုက်ရုံနှင် လဲကျသွားလောက်သည်။ သည် အချိန်ကာလပိုင်းတွင်တော့ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးကို ကောင်းမွန်သည့် အဆင့်တစ်ခုအထိ ရောက်အောင် ကြိုးစားမြင့်တင်ခဲ့လေသည်။

" ဪ ဒါနဲ့ နင်ကဘာလို့ ခွင့်တင်တာလဲ"

" ငါ လုပ်စရာရှိလို့ ဗဟိုမြို့တော်ကို သွားရမယ်၊ ငါ ချက်ချင်း ပြန်လာမှာပါ"

ရှန်ယွဲ့က ပြောလိုက်၏။ ခဏလောက်စဥ်းစားလိုက်ပြီး သူမက ဆက်ပြောလိုက်၏။

" ငါ ပြန်လာရင် ထူးထူးခြားခြားအစွမ်းရှိတဲ့ ဆရာဝန်တစ်ယောက်နဲ့ ဆက်သွယ်ပြီး နင့်ခြေထောက်ကို ကုပေးမယ်၊ ဒီကြားထဲ ဘာမှမဖြစ်ဘူးဆိုရင်တော့ ဒီနှစ်ကုန်လောက်ဆိုရင် နင့်ခြေထောက် ပြန်ကောင်းလာလိမ့်မယ်"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Όπου ζουν οι ιστορίες. Ανακάλυψε τώρα