အပိုင်း(၄၈၈)

Start from the beginning
                                    

"အပေါ်က မန့်တဲ့သူ ပြောတာကို ထောက်ခံတယ်"

"ငါရောပဲ"

"မို့သူဌေးက လက်တုံ့ပြန်တတ်တာ လူတိုင်း သိတဲ့ ကိစ္စပဲလေ။ ထင်ထားတဲ့အတိုင်း ဖြစ်လာခဲ့ရုံပဲ။ ကျန်တဲ့သူတွေလည်း သူတို့မှာ အန္တရာယ် ရှိတာ သိလောက်ရောပေါ့။ ကံကြမ္မာဆိုးကို စောင့်နေရုံကလွဲလို့ သူတို့ ဘာတတ်နိုင်မှာလဲ"

"ဒါပေါ့။ သူတို့ ထျန်းနင်ကို ဆက်ဆံခဲ့တဲ့အတိုင်း တန်ပြန်ခံစားရမှာလေ။ ဒါမျိုးကိုမှ ဝဋ်လည်တယ်လို့ ခေါ်တယ်"

ထျန်းနင်ကို ပြဿနာရှာခဲ့သည့် အနုပညာရှင် အုပ်စု တစ်စုလုံးက ဒုက္ခကြုံမှ ဟိုက်ဟွေ့ဖျော်ဖြေရေးကို အသနားခံကြသည်။

သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက ညှာတာထောက်ထားမည့် အတွေး မရှိခဲ့ပေ။ သူတို့ အပြစ်ကျူးလွန်ခဲ့စဉ်က အကျိုးဆက်ကို မတွေးခဲ့သည်လော။

ဟိုက်ဟွေ့ဖျော်ဖြေရေးက ထျန်းနင်ကို ထိခိုက်အောင် လုပ်ဆောင်ခဲ့သည့် တစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်ခွင့် ပေးမည့် အတွေး မရှိခဲ့ပေ။
"ဒုဥက္ကဌဖန်၊ တခြားအေဂျင်စီက အနုပညာရှင်က  အဆောက်အဦး အရှေ့မှာ ဒူးထောက် တောင်းပန်နေတယ်"
ဖန်ယွီ၏အတွင်းရေးမှူးက ရုံးခန်းထဲ ဝင်လာပြီး သတင်းပို့သည်။

"ထွက်သွားဖို့ ပြောလိုက်။ သူ ပြဿနာကို သူ့မန်နေဂျာကိုပဲ သွားပြောသင့်တယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးကို လာတောင်းဆိုစရာ မလိုအပ်ဘူး"
ဖန်ယွီက မျက်တောင်မခတ် ညွှန်ကြားသည်။

"သူ့ကို လာခေါ်ဖို့ သူ့အေဂျင်စီကို ဖုန်းဆက်ပြောလိုက်။ သူ မရှက်ရင်တောင် ငါတို့က သူ့အစား ရှက်တယ်"

"ဟုတ်ကဲ့ အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်"

ဖန်ယွီက သူ့ကိုယ်သူ လွန်ကဲသည်ဟု မခံစားရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ထျန်းနင်ကို အနိုင်ကျင့်ခဲ့စဉ်က သူတို့လုပ်ရပ်ကို လွန်ကဲသည်ဟု မခံစားခဲ့ကြပေ။

သူတို့နှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ခံယူရခြင်းသာ ဖြစ်သည်။

...

ရှားကျင်းရီ၏ တိုက်ခန်းမှ  ပြန်သွားပြီးနောက်  ထျန်းကျင်းရွှမ်က ထျန်းရွှမ်နှင့် ဧည့်ခန်းမှာ ထိပ်တိုက်ဆုံတွေ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now