အပိုင်း(၄၈၆)

Start from the beginning
                                    

သူမက ထျန်းနင်ကို ဖျက်ဆီးပစ်ချင်သည်။ သို့သော်လည်း ထျန်းနင်က တခြားသူ သိက္ခာချမည်ကို ခံယူမည့်အစား ဖျော်ဖြေရေးလောကမှ နုတ်ထွက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ဖူးပေ။

ထျန်းနင် ဂုဏ်သတင်းကျဆင်းအောင် လုပ်ဆောင်ခဲ့ခြင်းက ထျန်းနင်ကို အိမ်တော်ပြန်ရောက်လာအောင် ဖန်တီးမိသည့် လုပ်ရပ် ဖြစ်နေခဲ့သည်။

အကယ်၍ ထျန်းနင်က စီအီအို ရာထူးကို ရယူသွားခဲ့လျှင် သူမ ကြိုးစားသည်းခံခဲ့သမျှ အလဟဿ ဖြစ်သွားလိမ့်မည်။

သူမက ဤအခြေအနေကို လက်မခံနိုင်ချေ။

ထို့ကြောင့် ထျန်းရွှမ်က သူ့အိပ်ခန်း ပြန်သွားပြီး အခန်းတံခါးပိတ်ကာ ဖုန်းဆက်သည်။
"ရှားယွီလင်းရဲ့ အလုပ်အချိန်ဇယားကို ငါ့ကို ပို့ပေးစမ်း။ ငါတို့ အခုချိန် မလှုပ်ရှားရင် ထျန်းနင် ပြန်လာတော့မယ်။ ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ အချိန်မီ ကြိုးစားရမယ်"

ဖုန်းတစ်ဖက်မှာ လူက ဖုန်းမချခင် ရိုသေလေးစားစွာ သဘောတူခဲ့သည်။

ထျန်းရွှမ်က သေးနုပ်သော ဝန်ထမ်းအနေဖြင့် အလုပ်လုပ်ခဲ့သည့် အကြောင်းအရင်းက သူမတွင် ကြိုတင်စီစဉ်ထားသော အကြံအစည် ရှိနေ၍ ဖြစ်သည်။ ပထမဆုံး သူမက ရှားယွီလင်း၏ အတွင်းရေးမှူးကို သူမ၏ကိုယ်ဝန်ပျက်ကျလု နီးပါးဖြစ်အောင် ကြံစည်ခဲ့သည် ဟူသော အကြောင်းပြချက်ဖြင့် ပထုတ်ခဲ့သည်။ ထို့နောက် ရှားယွီလင်း၏ အတွင်းရေးမှူး အသစ်နှင့် ပူးပေါင်းကာ ရှားယွီလင်း၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်စေသည်။

ဤတစ်ကြိမ်တွင် ထျန်းရွှမ် အတော်ကလေး စိတ်ပျက်မိသည်။ သူမက ထျန်းနင်ကို အရမ်းမုန်းတီးမိသည်။

၁၀မိနစ်ကြာပြီးနောက် ထျန်းရွှမ်ထံ စာတစ်စောင် ဝင်လာခဲ့သည်။ စာတိုတွင် ရှားယွီလင်းက ဤရက်ပိုင်းအတွင်း ဆွစ်ဇာလန်နိုင်ငံသွားမည့် အကြောင်း ဖြစ်သည်။

"ခရီးသွားရင်း ပြန်မလာတော့ရင် အကောင်းဆုံးပဲ"
ထျန်းရွှမ် တွေးတောမိသည်။

...

ရှားယွီလင်းက ဆွစ်ဇာလန်နိုင်ငံ အမှန်တကယ် သွားမည် ဖြစ်သော်လည်း ထျန်းအကြီးအကဲ နှင့် ရှားယွီလင်းက ထျန်းရွှမ်၏ လှုပ်ရှားမှုတိုင်းကို မသိစရာ အကြောင်းအရင်း မရှိပေ။ ရှားယွီလင်း၏လက်ရှိ အတွင်းရေးမှူးက သူတို့ကို သစ္စာဖောက်နေသည့် သတင်း သူတို့ သိထားခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now