ညကတစ်ကယ်ကြီးစိတ်ဆိုးကာထွက်သွားတဲ့ကလေးငယ်က သူ့အစ်ကိုတို့အိမ်မှာရောက်နေသည်ဆိုတာကို လှမ်းအကြောင်းကြားတဲ့ဂျုံအင်းဟျောင်းကြောင့် ဟျွန်ဂျင်းမှာအနည်းငယ်တော့စိတ်အေးရသည်။
ညကဒေါသကြောင့် ကလေးငယ်အပေါ်မှာစကားမှားသွားတာကိုသိတာကြောင့် သွားခေါ်ရမှာခပ်ကြောက်ကြောက်ပင်။ ကလေးငယ်ကသူ့ကိုတစ်ကယ်ကြီးစိတ်ဆိုးသွားတာမလား။
"ဒယ်ဒီ ပါးပါးကခုထိလည်းပြန်မလာသေးဘူး"
အိပ်မှုန်ဆုပ်ဖွားလေးနဲ့သူ့ပါးပါးကိုမေးလာတဲ့သားသားကိုမြင်မှ ဟျွန်ဂျင်းအကြံဥာဏ်တစ်ခုခေါင်းထဲကိုဝင်လာသည်။
"ဟုတ်တယ်သားသားပါးပါးက ဒယ်ဒီတို့သားအဖကိုစိတ်ဆိုးပြီးပြန်မလာဘဲ ဦးဦးဂျုံအင်းတို့အိမ်မှာသွားနေနေတာတဲ့လေ"
"ဒါဆိုလည်းသားသားတို့ကသွားချော့ကြတာပေါ့ဒယ်ဒီရဲ့ ပါးပါးမရှိတော့သားသားလည်းမပျော်ဘူး လွမ်းလည်းလွမ်းတယ်"
တစ်ညလေးဘဲခွဲရသေးတယ် လွမ်းနေတဲ့သားသားဟာ သူတောင်အများကြီးမပြောလိုက်ရပါဘဲ သူ့ထောင်ချောက်ထဲကိုဝင်လို့လာသည်။
"အွန်း ဒယ်ဒီတို့သားပါးပါးကိုသွားချော့ပေါ့ အခုတော့ရေချိုးအဝတ်စားလဲရအောင် ညစ်ပတ်နေရင်ပါးပါးကပြန်မလိုက်ဘဲနေမယ်"
"ဟုတ်ကဲ့ ဒယ်ဒီ"
သူ့ပါးပါးကိုသွားခေါ်ဖို့အတွက် တက်ကြွနေတဲ့သားသားဟာ ရေချိုးခန်းထဲကိုတန်းလို့ဝင်သွားသည်။
~~~~~~
ဂျုံအင်းဟျောင်းတို့အိမ်ရောက်တော့ ညကလည်းတစ်ညလုံးငိုနေပြီး အခုလည်းငိုနေကာ အပေါ်ထပ်ကသူလူပျိုဘဝကနေခဲ့တဲ့ အခန်းထဲကနေမထွက်သေးကြောင်း ဂျုံအင်းဟျောင်းကပြောလာတာကြောင့် ဟျွန်ဂျင်းတို့သားအဖအပေါ်ထပ်ကဆွန်မင်းနေတဲ့အခန်းလေးဆီတက်သွားလိုက်သည်။
အပြင်ကအထိတောင်ကလေးငယ်ရဲ့ရှိုက်သံသဲ့သဲ့ကကြားနေရသည်။ဟျွန်ဂျင်းမှာကလေးငယ်ရဲ့ငိုသံကိုကြားရတော့ ကိုယ့်ကိုကိုသာပိုလို့အပြစ်ပုံချမိသည်။ သူ့ကြောင့်ကလေးငယ်က ဝမ်းနည်းနေရတာမလား။
YOU ARE READING
LOSER(Seungjin or Hyunmin)
Fanfictionခင်ဗျားကြောင့်ငါခံစားခဲ့ရသလို ခင်ဗျားရဲ့ညီကိုလည်းငါ့ကြောင့်ဘဲ ခံစားရအောင်လုပ်ပြမယ် Hwang Hyunjin ငါတောင်းပန်ပါတယ် ငယ့်လိုဖြူစင်တဲ့ကလေးတစ်ယောက်အပေါ်မှာ နာကျင်မူ့တွေမပေးပါနဲ့လားကွာ Kim Jeongin ကိုကိုကဟန်ဆောင်နေတယ်ဆိုရင်တောင် ကျွန်တော်ကသိပ်ချစ်တာမို့...