Loser(5)

146 11 0
                                    

တစ်ဆစ်ဆစ်ထိုးကိုက်လို့နေတဲ့ ခေါင်းကိိုဖိကိုင်ရင်း အခန်းတွင်းကအပြင်ဆင်ကို သူသတိထားမိလို့ကြည့်မိတော့ သူဆွန်မင်းအခန်းထဲကိုရောက်နေခြင်းဖြစ်သည်။ ဘယ်လိုလုပ်သူကဆွန်မင်းအခန်းထဲရောက်နေတာလည်း

ဆိုတာကို စဥ်းစားလို့မရသည့်အဆုံး ဟျွန်ဂျင်းကိုယ်ပေါ်ကခြုံထားသည့်စောင်ကို ဖယ်လို့အမြန်ထလိုက်သည်။

အိပ်ယာအဖြူထက်က အနီရောင်သွေးစက်အချို့နဲ့တွန့်ကြေနေတဲ့အိပ်ယာခင်းတို့ကြောင့် သူ့ခေါင်းမီးလောင်သလိုပူထူသွားရသည်။

အဝတ်မဲ့လို့နေတဲ့သူ့ခန္ဓာကိုယ်ရယ်

သူရောက်လို့နေတဲ့အခန်းကြောင့် 

စိတ်ကိုလျှော့ချလို့ ဦးနှောက်ကိုအလုပ်ပေးမိတော့ ညကအဖြစ်ပြန်များက အကျည်းတန်စွာ သူ့အာရုံထဲပေါ်လို့လာသည်။ သူအရက်တွေသောက်ပြီး ဆွန်မင်းအပေါ်ကို မလုပ်သင့်တာတွေလုပ်မိသွားတာဘဲ

ကြမ်းပြင်ပေါ်ကအဝတ်စားတို့ကိုအမြန်ဝတ်ဆင်လို့ သူအောက်ထပ်ကိုအမြန်သွားကာဆွန်မင်းကိုလိုက်ရှာလိုက်သည်။ သူ့ကိုစိတ်ဆိုးပြီးထွက်သွားတာတော့မဟုတ်ဘူးမလား။ သူမှားတာသူသိတာမလို့ ဆွန်မင်းစိတ်ကျေနပ်တဲ့အထိ တောင်းပန်ချင်ပါသည်။

မီးဖိုခန်းထဲကအသံတို့ကြောင့် မီးဖိုခန်းထဲကိုဝင်လိုက်တော့ မြင်လိုက်ရတဲ့ကျောပြင်ငယ်ကြောင့် သူသက်ပြင်းတို့ချလို့ စိတ်အေးရတော့သည်။

ထွက်သွားပြီထင်နေတာ

"ဆွန်~ဆွန်မင်း"

ဟျွန်ဂျင်းထစ်ထစ်အအနဲ့ခေါ်သံကိုကြားတဲ့ဆွန်မင်းက လှည့်လို့ကြည့်လာသည်။ တည်ငြိမ်လွန်းတဲ့မျက်နှာ ညိုးငယ်လွန်းတဲ့အကြည့်တွေက သူ့စိတ်ကိုနေရကြပ်စေသည်။

"ကိုကိုနိုးလာပြီလား ရေချိုးတော့မလား ကျွန်တော်ရေမစပ်ရသေးဘူး ခဏစောင့်ပေးဦး သွားစပ်ပေးမယ်"

သူ့ကိုမကြည့်ပါဘဲ ရှောင်ဖယ်ကာ ဘေးထွက်သွားဖို့ပြင်နေတဲ့ ဆွန်မင်းကို လက်ကောက်ဝတ်ကိုအသာဆွဲလို့ 

သူနဲ့မျက်နှာချင်းဆိုင်စေလို့ စကားစလိုက်သည်။

"ခဏနေပါဦး ကိုယ်မင်းကို​ပြောစရာရှိတယ်"

LOSER(Seungjin or Hyunmin)Where stories live. Discover now