Loser(12)

131 7 0
                                    


မွေးခါနီးလာပြီဖြစ်တဲ့ကိုယ်ဝန်ကြောင့် 

ဆွန်မင်းကောဟျွန်ဂျင်းကော စိတ်လှုပ်ရှားလို့နေမိသည်။ ဟျွန်ဂျင်းဆို ဆွန်မင်းကိုစိတ်မချပါဘူးဆိုပြီး အကြောင်းပြကာ ရုံးပင်မတက်ဖြစ်ပေ။ ဟိုတစ်ခေါက်ကိစ္စပြီးသွားတည်းက ဆွန်မင်းအပေါ်အရင်ကထက်တိုးလို့ ပိုဂရုစိုက်ပေးမိသည်။ 

"ကိုကိုသားယောကျာ်းလေးလိုချင်လား သမီးမိန်းကလေးလိုချင်လား"

ဗိုက်ကလေးကိုကိုင်ကာ ကလေးဆန်ဆန်မေးလာတဲ့ကလေးအဖေသေးသေးလေးကြောင့် ဟျွန်ဂျင်းသဘောတကျရယ်မိသည်။

"ကလေးငယ်ကလည်း ကိုယ့်ရဲ့သွေးသားဘဲမိန်းကလေးဖြစ်ဖြစ်ယောကျာ်းလေးဖြစ်ဖြစ်ချစ်ပေးရမှာက ကိုကိုတို့မိဘတွေရဲ့တာဝန်ဘဲလေ"

"ချစ်ပေးရမှာတော့ကိုကိုပြောမှလားဗျ သိချင်လို့မေးတာကိုမဖြေချင်ရင်လည်းနေဗျာ"

မွေးရက်နီးလာတာနဲ့အမျှ ဗိုက်ပူပူလေးနဲ့ကလေးအဖေသေးသေးလေးဟာ တစ်နေ့တစ်မျိုးမရိုးရအောင်ကို ရစ်လွန်းလှပါသည်။ ပြီးခဲ့တဲ့အခေါက်ကလည်းအချဥ်စားချင်ပါတယ်လို့ပူဆာတာကြောင့် သူ့မှာသရက်သီးတွေ လီမင်ဟိုကိုလှမ်းပို့ခိုင်းရသည်။

ဒီအတိုင်းမစားပါဘဲ အစပ်မှုန့်တို့နဲ့တို့စားချင်ပါတယ်ဆိုတာကြောင့် ဟျွန်ဂျင်းမှာရှိခိုးမတတ်တောင်းပန်ရသေးသည်။ ဗိုက်နာမှာစိုးလို့မစားခိုင်းတာကို သူ့ကိုမချစ်လို့မကျွေးပါဘူးဆိုကာ ဟျွန်ဂျင်းကိုစကားလည်းမပြောသလို အခန်းလည်းခွဲကာအိပ်လို့အပြစ်ပေးပါသေးသည်။ နောက်ဆုံးတော့မနေနိုင်တဲ့ကိုယ်ကဘဲအရှုံးပေးကာဘဲ ဒူးထောက်တောင်းပန်မှစိတ်ဆိုးပြေပေးလေသည်။

အခုလည်းဟျွန်ဂျင်းကိုကျောပေးကာ ကောက်တောမှုနေပြီဖြစ်သည်။ ချစ်လွန်းတော့လည်း စိတ်ရှည်လက်ရှည်ချော့ပေးရတော့မှာပေါ့။ မင်းကငယ်တဲ့ကောင်လေးကိုယူထားတာဘဲ ချော့ရမှာပေါ့လေ။တစ်ဖက်ကိုလှည့်အိပ်နေတဲ့ကောက်စိန်လေးကို ဆွဲလို့လှည့်စေတော့ ပေကပ်ကပ်နဲ့လှည့်မလာပါ။

"ဒီဘက်လှည့်ပါဦးကိုကို့ကလေးလေးရဲ့"

"ဘာလည်းဗျာ လွှတ်"

LOSER(Seungjin or Hyunmin)Where stories live. Discover now