Loser(10)

155 8 0
                                    


ရုတ်တရက်မူးလဲသွားတဲ့ကလေးငယ်ကြောင့် ဆေးရုံကိုပို့လိုက်ရင်းက ဆရာဝန်ပြောလိုက်တဲ့စကားကြောင့် ဟျွန်ဂျင်းနားရှိလို့သာ ယုံလိုက်ရသည်။ ပျော်လည်းပျော်မိပါသည် ကလေးငယ်မှာ သူနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီတဲ့လေ။ ယောကျာ်းလေးတစ်ယောက်ကိုယ်ဝန်ဆောင်နိုင်တာမျိုးဆိုတာက ရှားပါးလွန်းသည်မလား။

ဒီရှားပါးတဲ့အခွင့်ရေးလေးအား သူတို့ကိုပေးတော်မူတဲ့ ဘုရားသခင်ကို အကြိမ်ကြိမ်ကျေးဇူးတင်မိပါသည်။

အရင်ကထက်ဝလာတယ်လို့ဘဲ ထင်နေတဲ့သူ့ရဲ့ကလေးငယ်မှာ သူနဲ့ရတဲ့ကိုယ်ဝန်ဟာ ၅လတောင်ရှိပြီတဲ့လေ။

ဆေးရုံကုတင်ထက်မှာ မေ့နေဆဲဖြစ်တဲ့ကလေးငယ်အနားသွားလို့ လက်ကလေးတွေကိုအသာဆွဲယူရင်း ခပ်ပူပူလေးဖြစ်နေတဲ့ ကလေးငယ်ရဲ့ဗိုက်လေးကို အသာပွတ်ဆွဲမိသည်။

ယောကျာ်းလေးကိုယ်ဝန်ဆောင်မလို့လားတော့မသိ ကလေးငယ်ရဲ့ဗိုက်ကလေးကငါးလသာပြောတယ် တအားကြီးပူမနေ။ သူဒီနေ့တော့အလုပ်မသွားတော့ဘဲ ဆွန်မင်းသတိရလာရင်ကိုယ်ဝန်အကြောင်းပြောပြပြီး တစ်နေကုန်ဆွန်မင်းအနားမှာနေဖို့ ဆုံးဖြတ်လိုက်ပြီး မင်ဟိုဆီဖုန်းဆက်လိုက်သည်။

"ဟယ်လို မင်ဟိုငါဒီနေ့ခွင့်ယူတယ် ရုံးမလာတော့ဘူးကွာ"

"ဘာဖြစ်လို့ရုံးမလာရတာတုန်းပြောစမ်းပါဦးဟွမ်ဟျွန်ဂျင်းရယ် ဒီလောက်အလုပ်တွေကတောင်လိုပုံနေတာတောက် မင်းကအလုပ်လစ်ပြီးမင်းရဲ့ကလေးငယ်နဲ့ဘယ်တွေများထပ်လစ်ဦးမလို့လည်း"

"ဘယ်ကိုမှမလစ်ပါဘူးကွာ ဆွန်မင်းမူးလဲလို့အခုဆေးရုံတင်ထားရတယ်"

"ဟင် ဘယ်လိုဖြစ်တာတုန်း အခုကောဆွန်မင်းကသက်သာရဲ့လား"

"အခုထိတော့သတိမရသေးဘူး ဒါပေမယ့်စိတ်မပူနဲ့ မကြာခင်သတိရလာမှာပါတဲ့ အားနည်းလို့မူးလဲသွားရုံလောက်ဘဲတဲ့လေ သတိရလာရင်တော့အိမ်ပြန်လို့ရပြီ​လို့တော့ ဆရာဝန်ကပြောတာဘဲ"

"အေးပါ ဆွန်မင်းကိုဂရုစိုက်လိုက်ပါဦးကွာ အလုပ်တွေအတွက်ပူမနေနဲ့ ငါတစ်ယောက်လုံးရှိတယ် ဟုတ်ပြီလား"

LOSER(Seungjin or Hyunmin)Where stories live. Discover now