Loser(8)

150 10 0
                                    


ပြင်သစ်ကိုရောက်ကတည်းကဟျွန်ဂျင်း ဆွန်မင်းကိုဖုန်းလည်းမဆက်သလို လိုင်းပေါ်မှာလည်းစကားမပြောဖြစ်ပေ။ဝေးနေရတဲ့အချိန်မှာ ဟျွန်ဂျင်းကိုပိုပြီးသိလာစေတာက သူ့ဘဝအတွက်ဆွန်မင်းကို လိုအပ်သည်ဆိုတာကိုပင်။ဆွန်မင်းမရှိတဲ့နေ့ရက်တွေမှာ အရင်ကလုပ်နေကျအဝတ်စားတို့ကအစ အစားအသောက်လိုသေးသေးလေးတွေကအစ အဆင်မပြေတော့ပေ။ ပြီးတော့သူဆွန်မင်းကိုအရမ်းတွေ့ချင်လောက်အောင်ကို လွမ်းနေပြီဖြစ်သည်။ ကိုယ်မင်းကိုမဆက်သွယ်ဘူးဆိုတာက ကိုယ့်စိတ်ကိုအတိကျသိချင်လို့ အချိန်ယူကာစဥ်းစားချင်တာကြောင့်မဆက်သွယ်ခဲ့တာပါကလေးငယ်ရယ် ကိုယ်မင်းကိုသိပ်လွမ်းလှပြီကွာ။ ဟျွန်ဂျင်းအရမ်းတွေ့ချင်နေပြီဖြစ်တဲ့ဆွန်မင်းရဲ့မျက်နှာလေးကို မြင်ရစေဖို့ Video Callဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်သည်။ ခဏအကြာမှာတော့ ဆွန်မင်းရဲ့မျက်နှာလေးကို သူမြင်လိုက်ရသည်။ ငိုနေတာထင်ပါရဲ့ နှာခေါင်းထိပ်လေးတွေက နီရဲလို့နေသည်။ သူစိတ်ပူလို့သွားရသည် ဒီကလေးဘာဖြစ်တာပါလိမ့်

"ဆွန်မင်း မင်းဘာလို့ငိုထားတာလည်း"

ဟျွန်ဂျင်းမေးတော့ မျက်နှာလေးကိုလက်တစ်ဖက်နဲ့အုပ်ကာ မျက်နှာလေးလွှဲလို့သွားတဲ့ကလေးငယ်ကြောင့် ဟျွန်ဂျင်းပိုလို့စိတ်ပူရသည်။

"ဆွန်မင်းဘာလို့ငိုထားတာလည်းလို့ကိုယ်မေးနေတယ်လေကွာ ဖြေပါဦး

ကိုယ့်ကိုစိတ်ပူရအောင်မလုပ်ပါနဲ့ကွာ"

ထိုအခါမှ မျက်နှာပေါ်ကိုလက်လေးနဲ့အုပ်ရင်း ရှိုက်သံလေးနဲ့ပြောလာတဲ့ခပ်ချွဲချွဲအသံလေးက ဟျွန်ဂျင်းကို ကိုရီးယားကိုအခုချက်ချင်းပြန်ပြေးချင်စိတ်တို့ပေါ်လာအောင်အထိ ဆွဲဆောင်လွန်းလှသည်။

"အဟင့်~ကိုကိုကပြစ်ထားရက်လွန်းတယ် ကျွန်တော်ကိုကို့ကိုအရမ်းလွမ်းနေတာသိရဲ့လား အဟင့်"

ခပ်ချွဲချွဲလေးနဲ့ပြောနေတဲ့Screenပေါ်က ကောင်ငယ်လေးက သူ့အသည်းကိုခြွေလို့ယူနေသည်။

"ကိုယ်ကတော့ မင်းကိုမလွမ်းပါဘူး ဘာလို့လွမ်းရမှာလည်း ဒီနိုင်ငံမှာချောတဲ့မိန်းကလေးတွေ ဒီလောက်ပေါတာ

LOSER(Seungjin or Hyunmin)Where stories live. Discover now