Loser(1)

358 19 0
                                    

မင်္ဂလာအိမ်ကြီးအတွင်း ကောင်လေးတစ်ယောက်မှာ မင်္ဂလာအခမ်းနားပြီးကတည်းက အပြင်ခဏသွားစရာရှိတယ်ဆိုတဲ့စကားလေးဘဲပြောကာ ထွက်သွားတဲ့ သူ့ရဲ့အမျိုးသားကိုစောင့်မျှော်နေသည်  ကျယ်ဝန်းလှတဲ့နှစ်ထပ်တိုက်ကြီးမှာ  တစ်ချပ်ချပ်မြည်နေတဲ့ နံရံကပ်နာရီရဲ့ ညလယ်မှာမြည်နေတဲ့အသံက နည်းနည်းခြောက်ခြားစရာကောင်းလွန်းလှသည် 

မင်္ဂလာဦးညမှာ သတို့သားမရှိတဲ့ အိမ်ကြီးမှာ ထိုင်စောင့်နေတဲ့သူ့အဖြစ်ကိုသာ ကိုကြီးမြင်လျှင် ဘယ်လောက်တောင်ဆူပြောနေလိုက်မလည်း 

ကိုကြီးအတန်တန်တားနေရတဲ့ကြားထဲကမှ  ကိုကိုနဲ့လက်ထပ်ဖြစ်ခဲ့သည်

လွန်ခဲ့တဲ့တစ်လခန့်က 

"ငယ် သူနဲ့လက်ထပ်မှာကို ကိုကြီးသဘောမတူနိုင်ဘူး"

ကိုကို့ကိုကြည့်ကာ သဘောမတူနိုင်ကြောင်းကို ဒေါသတကြီးပြောနေတဲ့ ကိုကြီးကြောင့် သူအံ့သြရသည်

"ဘာလို့လည်းကိုကြီး ကိုကို့မှာဘာလိုအပ်ချက်တွေရှိနေလို့လည်း"

"ဘာလို့မှမဟုတ်ဘူး သူဖြစ်နေလို့ကိုလက်မခံပေးတာ"

"ကိုကိုက ကိုကြီးရဲ့ရည်းစားဟောင်းဖြစ်ခဲ့လို့လား"

ကိုကြီးဟာ မထင်မှတ်ထားတဲ့စကားကြောင့် မျက်နှာတစ်ချက်ပျက်သွားရသည်ကို ထိန်းလိုက်နိုင်သည်ကိုလည်း သူမြင်လိုက်သည်

"ငယ်က သိနေခဲ့တာလား"

"ကျွန်တော်က ဘေဘီကိုကျွန်တော်နဲ့အစ်ကို့အကြောင်းကို အားလုံးပြောပြထားပြီးသားပါ ကျွန်တော်တို့ချစ်သူစဖြစ်ကတည်းက"

တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ ကိုကိုက ကိုကြီးကိုစိုက်ကြည့်ရင်း ဝင်ပြောသည် 

"ငယ်~ကိုကြီးတို့ ဒီကိစ္စကိုအိမ်ရောက်မှဆက်ပြောကြမယ်  ငယ်အိမ်ကိုပြန်နှင့် ကိုကြီး ဟွမ်ဟျွန်ဂျင်းနဲ့စကားအေးဆေးပြောချင်တယ်"

"ဒါပေမယ့်~"

"ကိုကြီး~ပြောနေတယ်လေငယ် လူကြီးတွေကြားကစကားဝိုင်းကို ငယ်ကနားထောင်ချင်နေတာလား"

LOSER(Seungjin or Hyunmin)Where stories live. Discover now