Loser(4)

153 12 0
                                    

ဆွန်မင်းနဲ့စကားများပြီးကတည်းက သူနာရာနဲ့မပတ်သတ်တော့ပေ ဆွန်မင်းကိုမဟုတ်မမှန်စကားတွေပြောထားတဲ့နာရာကို သူကိုယ်တိုင်လည်း မပတ်သတ်ချင်တော့ပေ

ဒီနေ့တော့ သူအိမ်စောစောပြန်မည်လို့စဥ်းစားထားသည် သူအိမ်ပြန်အလာကိုအမြဲစောင့်ကြိုနေတတ်တဲ့ကောင်လေးက သူစောစောပြန်လာတာကိုမြင်လျှင်ဖြစ်သွားမည့်မျက်နှာလေးကို မီန်းဆကြည့်ရင်းက ဟျွန်ဂျင်းသူကိုယ်တိုင်တောင်မသိပါဘဲ ပြုံးမိသွားသည်

"ဘာတွေပြုံးနေတာလည်း"

အသံမပေးပါဘဲဝင်လာတဲ့ သူ့ရဲ့နှစ်ယောက်မရှိသူငယ်ချင်းလည်းဖြစ် အတွင်းရေးမှူးလည်းဖြစ်တဲ့လီမင်ဟိုပင်

"တံခါးလေးဘာလေးခေါက်ပါဦး HHJ Groupရဲ့ဥက္ကဟွမ်ဟျွန်ဂျင်းအခန်းထဲကိုဝင်တာကြီးက မလေးစားတာနဲ့အတူတူဘဲနော်လီမင်ဟိုရှီး"

သူစနောက်ကာပြောတော့ မင်ဟိုကမျက်ဆံတို့ကိုအပေါ်လှန်ကာပြရင်း

"ကျွန်တော်မျိုးတံခါးကိုခေါက်ပါသေးတယ်ဥက္ကဌကြီးရယ် ဥက္ကဌကြီးဘာသာအသံမကြားဘဲ တစ်ယောက်ထဲအတွေးလွန်ပြုံးနေတာပါ"

သူတစ်ကယ်ကြီးပြုံးနေမိတာလား ဘာမဟုတ်တဲ့အတွေးလေးနဲ့တင်လေ

"ပြော~ဘာကိစ္စလည်း ငါ့အခန်းထဲကိုလာတာက"

"နောက်အပတ်ထဲ ဂျပန်မှာအရေးကြီးအစည်းဝေးရှိတယ် အဲ့တာတက်ဖြစ်လားလာမေးတာ တက်ဖြစ်ရင်ဒီဘက်ကအလုပ်တွေကိုခဏနားထားရအောင်လို့"

"အွန်း သွားကြတာပေါ့ ငါရုံးဒီနေ့စောဆင်းတော့မယ်မင်ဟို မင်းလည်းလုပ်စရာမရှိရင် အိမ်ပြန်တော့လေ အားလုံးကိုပြောလိုက်အလုပ်ဆင်းပြီလို့"

ထူးထူးဆန်းဆန်းတစ်ခါမှအလုပ်အစောကြီးမဆင်းဘူးတဲဲ့အလုပ်သရဲဟွမ်ဟျွန်ဂျင်းကြောင့်မင်ဟိုအံ့သြရပါသည် ဘာဘဲနေနေသူဒီနေ့စောစောနားရတာပေါ့ ဟီးဟီးးး

~~~~~~~~_

ကားမောင်းနေရင်းက ဆွန်မင်းကြိုက်တဲ့ချောကလက်ကိတ်ဝယ်ရန် အတွေးဝင်လာတာကြောင့် SKZ Bakery & Coffee Shopဆိုင်ကိုဝင်လိုက်သည်

LOSER(Seungjin or Hyunmin)Where stories live. Discover now