ဆွန်မင်းကလေးဖျက်ချရန် အသိဆရာဝန်ဆီကိုအရောက်ကြီးရောက်လာပြီးမှ တွန့်ဆုတ်နေမိသည်။ဂျီဆောင်းပြောသလို သူဘာမဟုတ်တဲ့အရာတွေကြောင့်နဲ့ လောကကြီးထဲကိုမကြာခင်ရောက်လာတော့မယ့်ကလေးငယ်အပေါ်သူရက်စက်လွန်းရာကျနေပြီလား။ ပြီးတော့သူချစ်တဲ့ကိုကို့အပေါ်မှာပါ ရက်စက်လွန်းရာကျတယ်မလား။ ကလေးရှိတယ်ဆိုတာသိပြီးကတည်းက ကိုကိုဘယ်လောက်တောင်ပျော်ရွှင်နေလည်းဆိုတာ သူအသိဆုံးပင်မဟုတ်လား။
သူခွဲခန်းထဲမဝင်ခင်ကဒေါက်တာပြောသလိုဘဲ သားသမီးရတနာဆိုတာ သူတို့လိုလိင်တူလက်ထပ်ထားတဲ့သူတွေအတွက် ရခဲလှတဲ့အခွင့်ရေးမလား။
ရခဲလှတဲ့ရတနာကိုသူစွန့်ပြစ်လိုက်ရင် မိုက်ရူးရဲဆန်ရာကျလွန်းသည်မလား။ ခွဲစိတ်ကုတင်ပေါ်လှဲနေရင်းက တွန့်ဆုတ်လာတဲ့အတွေးတို့ဝင်လာတာကြောင့် ကုတင်ပေါ်ကသူဆင်းလိုက်သည်။
"ကျွန်တော်ဖျက်မချချင်တော့ဘူး ဒေါက်တာ အပြစ်မရှိတဲ့ကလေးကို ကျွန်တော်မစွန့်ပစ်ရက်ဘူး အားနာလိုက်တာဒေါက်တာရယ်"
"မဟုတ်တာဘဲ ကိုယ်ကမင်းအတင်းတောင်းဆိုလို့သာ မင်းအစ်ကိုရဲ့မျက်နှာနဲ့လုပ်ပေးရတာ ဒီလိုကိစ္စမျိုးဆိုတာ လူသတ်တာနဲ့အတူတူဘဲလေ"
"တော်သေးတယ် ကျွန်တော့်ရဲ့ရူးမိုက်တဲ့အတွေးတွေကြောင့်နဲ့ ကိုယ့်ကလေးကိုကိုယ်ပြန်သတ်မိတော့မလို့"
"အချိန်မှီတားလိုက်နိုင်တာကြောင့် ဝမ်းမနည်းပါနဲ့ဆွန်မင်း"
"ဟုတ်ကဲ့ပါဒေါက်တာ ကျွန်တော့်ကိုခွင့်ပြုပါဦး"
"ကောင်းပါပြီ"
ဂျီဆောင်းရပ်ထားတဲ့ကားထဲကိုဝင်ထိုင်လိုက်ပြီး ဆွန်မင်းထိန်းချုပ်မနေတော့ဘဲ အသံထွက်သည်အထိအော်ငိုမိသည်။
"တောင်းပန်ပါတယ်ကလေးရယ် ပါပါးမင်းကိုဖျက်ချဖို့လုပ်မိတဲ့အတွက်ကြောင့် အဟင့်အဟင့်"
"ဂျီဆောင်းရား ငါလေငါ့ကလေးကိုမဖျက်ချနိုင်တော့ဘူး ငါ့ရဲ့ရူးမိုက်တဲ့အတွေးတွေကြောင့် အပြစ်မဲ့တဲ့ငါ့ကလေးလေးကို ငါကိုယ်တိုင်သတ်မိတော့မလို့ ငါကမိဘဖြစ်ဖို့တောင်မထိုက်တန်တဲ့လူပါကွာ အီးးဟီးးး"
YOU ARE READING
LOSER(Seungjin or Hyunmin)
Fanfictionခင်ဗျားကြောင့်ငါခံစားခဲ့ရသလို ခင်ဗျားရဲ့ညီကိုလည်းငါ့ကြောင့်ဘဲ ခံစားရအောင်လုပ်ပြမယ် Hwang Hyunjin ငါတောင်းပန်ပါတယ် ငယ့်လိုဖြူစင်တဲ့ကလေးတစ်ယောက်အပေါ်မှာ နာကျင်မူ့တွေမပေးပါနဲ့လားကွာ Kim Jeongin ကိုကိုကဟန်ဆောင်နေတယ်ဆိုရင်တောင် ကျွန်တော်ကသိပ်ချစ်တာမို့...