အပိုင်း(၄၈၅)

Começar do início
                                    

မို့ထင်က ယခုပြဿနာကို အလွယ်တကူ မေ့ဖျောက်ပစ်မည့်သူ မဟုတ်မှန်း လုချယ် သိနေခဲ့၍ သူက ခြေတစ်လှမ်း ဦးထားခဲ့သည်။ ထျန်းနင်ကို ပစ်မှတ်ထားခဲ့သူတိုင်း ကံကြမ္မာဆိုးကို လက်ခံရန် အသင့်ပြင်ထားသင့်သည်။

ထို့နောက် မို့ထင်က ထျန်းနင်ကို ရုပ်သံလွှင့်ရုံ အပြင်ဘက် ခေါ်ဆောင်သွားခဲ့သည်။ အပြင်ဘက်မှာ ရှိနေသော ပရိသတ်များက ပွက်လောရိုက်သည့် အခြေအနေ မရှိတော့ပေ။ တကယ်တမ်း သူတို့ထဲမှ လူတချို့က ထျန်းနင်ကို နားလည်မှုလွဲခဲ့မိ၍ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

သူတို့က ထျန်းနင် ရုပ်သံလွှင့်ရုံ အပြင်ဘက် ထွက်လာသော မြင်ကွင်းကို စောင့်ကြည့်လျက် ထျန်းနင်အနား ချက်ချင်း ဝိုင်းလာပြီး အသနားခံသည်။
"ထျန်းနင်၊ ဖျော်ဖြေရေးလောကထဲက နုတ်မထွက်သွားပါနဲ့။ ဆက်ပြီးတော့ ရုပ်ရှင်ရိုက်ကူးပေးပါ။ အဲဒီ နာမည် မထင်မပေါ်တဲ့ ဆယ်လီတွေကို လျစ်လျူရှုထားလိုက်ပါ"

"အမှန်ပဲ အစ်မထျန်းနင်၊ ငါတို့တွေ အစ်မကို သတိရနေမှာပါ။ ပြန်စဉ်းစားပေးလို့ မရဘူးလား"

"အစ်မထျန်းနင်ရဲ့ ဆုံးဖြတ်ချက်ကို အမြဲတမ်း လေးစားနေမှာပါ။ ဒီဖျော်ဖြေရေးလောကကြီးက စက်ဆုပ်ဖို့ ကောင်းတယ်။ အုပ်စုဖွဲ့ပြီးတော့ ငါတို့ အကြိုက်ဆုံး သရုပ်ဆောင်ကို သိက္ခာချရတယ်လို့ အရှက်မဲ့လိုက်တာနော်"

ပရိသတ်များ၏ ထင်မြင်ယူဆချက်များကို ကြားရ၍ ထျန်းနင်က သူမ၏ကားပေါ် မတက်ခင် သူတို့ကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"အားလုံးကို ကျေးဇူးတင်ပါတယ်။ ငါတို့ဘက်မှာ ကံကြမ္မာ အလေးသာရင်တော့ ငါတို့တွေ နောက်တစ်ကြိမ် သေချာပေါက်  ဆုံဆည်းဦးမှာပါ"

"ထျန်းနင်..."

"အစ်မထျန်းနင်..."

"ငါတို့ထျန်းနင်ကို သိက္ခာချခဲ့တဲ့ မထင်မပေါ် ဟိုဆယ်လီတွေကို အနုပညာလောကထဲက မောင်းထုတ်ပစ်မယ်။ ငါတို့ထျန်းနင်အတွက် လက်စားချေဖို့ မို့သူဌေး အားထုတ်ပေးဖို့ မျှော်လင့်တယ်"

"အမှန်ပဲ၊ ငါ အိမ်ပြန်ရောက်တာနဲ့ ထျန်းနင်ကို ဆန့်ကျင်ခဲ့တဲ့ အနုပညာရှင်အားလုံးရဲ့ နာမည်ကို စာရင်းပြုစုပြီး တစ်လောကလုံး သိအောင် ကြေညာပစ်မယ်။ ဘယ်လို တုံ့ပြန်မလဲ စောင့်ကြည့်ရတာပေါ့"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Onde as histórias ganham vida. Descobre agora