အပိုင်း(၄၈၄)

Start from the beginning
                                    

"အများပြည်သူရဲ့ တုံ့ပြန်မှုက တော်တော် ရိုက်ခတ်မှု ပြင်းထန်တယ်"
အစီစဉ်မှူး၏မျက်နှာက အနီရောင်သန်းသွားသည်။

"စိတ်မပူပါနဲ့။ ဒီနေရာကို ဧည့်သည်တော် အနေနဲ့ ပွဲတက်လာတည်းက  မင်း မေးချင်တဲ့ မေးခွန်းကို စိတ်ကြိုက် မေးမြန်းလို့ ရပါတယ်။ ကျွန်မ ယောက်ျားက Stupid'ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးသူလို့ ဖော်ထုတ်ခဲ့တာ မမေ့ပါနဲ့။ ကျွန်မက ဖြေရမှာ မကြောက်ပါဘူး။ ရှင်တို့ကသာ မေးဖို့ ကြောက်လန့် နေသလိုပဲနော်"

ထျန်းနင်က ကျီစယ်နေခြင်း မဟုတ်မှန်း သိမြင်ရ၍ အစီအစဉ်မှူးက အရဲကိုးပြီး ဒါရိုက်တာကို လှမ်း အကဲခတ်သည်။

ထျန်းနင် ပြောလိုက်သည့်စကားကြောင့် ကြည့်ရှုသူနှုန်း ထပ်မံ့တိုးလာသည်။

ထို့ကြောင့် ဒါရိုက်တာက အစီအစဉ်မှူးအတွက် tabletတစ်လုံး စီစဉ်ပေးပြီး အွန်လိုင်းပေါ်မှ ဆွေးနွေးမှုများကို သိမြင်စေသည်။ သို့သော်လည်းဤအပြုအမူက သူတို့ ဧည့်သည်တော်ကို အရက်စက်ဆုံး နည်းလမ်းဖြင့် ပထမဆုံး ပြုမူမိခြင်း ဖြစ်သည်။

"စာရင်းဇယားအရ မင်းက ကျော်ကြားဖို့ သတင်းဖန်ခဲ့တယ်လို့  အခိုင်အမာ ပြောတဲ့ ဆယ်လီ ၃၀ကျော် ရှိတယ်။ဒါနဲ့ ပတ်သက်ပြီးတော့ မင်း ဘာပြောချင်လဲ"

"မေးခွန်း တစ်ခွန်းလောက် မေးချင်တယ်။ ဘယ်အချက်ပေါ် အခြေတည်ပြီး ကျွန်မကို စွပ်စွဲနေသလဲ"
ထျန်းနင် ခနဲ့သည်။
"ဒါရိုက်တာနဲ့ တွေ့လိုက်ရုံနဲ့လား"

"အွန်လိုင်းပေါ်မှာ ဂယက်ထနေတော့ မင်းဘယ်လို ဖြေရှင်းမယ် စဉ်းစားထားလဲ"

အစီစဉ်မှူးက အရဲကိုးကာ မေးမြန်းသည်။ မို့ထင်က သူမကို အကြည့်စူးစူးဖြင့် ငေးစိုက်ကြည့်နေခြင်းကို သတိထားမိသော်လည်း သူမ ကြောက်ကြောက်လန့်လန့်ဖြင့် မေးမြန်းသည်။
"ဒါဆိုရင် မင်းကို ဝေဖန်ခဲ့တဲ့ ဆယ်လီတစ်ယောက်ကို ဆက်သွယ်ပြီး သူ့အမြင်ကို မေးမြန်းကြည့်ရအောင်ကွယ်။ နားလည်မှုလွဲရင်လည်း ချက်ချင်း ဖြေရှင်းလို့ ရတာပေါ့"

"ဆက်ပြောပါဦး"
ထျန်းနင်က အကြောက်အလန့် ကင်းမဲ့စွာ စကားပြောသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now