Part 12

352 21 0
                                    

" ကဲ ရှင်းစမ်းပါဦး...မနေ့က လူမှန်းသူမှန်းမသိအောင် သောက်ရတဲ့ကိစ္စ "

" မင်း အနေထိုင်ဆင်ဆင်သင့်ပြီ ဟျောင်း၊ ဟျောင်းကြောင့် ဟျောင်းအမေမှာ ပစ္စည်းတွေရော ငွေတွေရော ဘယ်လောက် ကုန်ခဲ့ပြီလဲ "

မှားခဲ့သူမို့ Yoongi ခေါင်းမဖော်ရဲတော့။ သူများပြောတိုင်းယုံလွယ်တာ သူ့အားနည်းချက်ပဲလေ။

" ပြောလေ......ဘာဖြစ်လို့ အဲဒီလောက် သောက်ရတာလဲ "

" မမေးနဲ့တော့ကွာ....ငါမဖြေချင်ဘူး "

" ဟာ....မဖြေလို့ရမလား၊ ဟျောင်းဖြစ်ပျက်ခဲ့တာကို ကျွန်တော်တို့ကိုမှမပြောရင် ဘယ်သူ့ကိုသွားပြောမလဲ၊ ခုလို ငွေပေးလိုက်လို့ ယူနာက ဟျောင်းကိုနောက်ထပ် မနှောက်ယှက်တော့ဘူးလို့ ဟျောင်းထင်နေလား၊ ဟျောင်းဘယ်လိုဖြစ်ခဲ့တယ်ဆိုတာသိမှ နောက်ထပ်အန္တရာယ်ရှိလာရင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ ကျွန်တော်‌ရော ထယ်ရော ဝိုင်းပြီး စဉ်းစားပေးလို့ရမှာ "

" Jungkook ပြောတာမှန်တယ် ဟျောင်း "

မပြောချင်လို့ မျိုသိပ်ထားတာကို ဇွတ်အတင်းမေးနေကြသည်။ ပြောလိုက်ရင်လည်း ထယ့်ကို အပစ်တင်ရာရောက်အုန်းမယ်။ မမယူနာပြောပုံအရဆိုရင်တော့ ထယ့်လောက် သူ့အပေါ် အနစ်နာခံနိုင်တဲ့သူ ရှိပါဦးမလား။

" အခုမှ အ,အကြီး လုပ်မနေနဲ့ ဟျောင်း...ပြောမှာလား ‌မပြောဘူးလား "

Jungkook က စိတ်မရှည်သလို ဟောက်လေပြီ။

" မင်းတို့ အရမ်းသိချင်နေလည်း၊ ငါပြောပြမယ်ကွာ....အဖြစ်က ဒီလို "

ဒီလိုကနေစ၍ ဖြစ်ပျက်ပုံအားလုံးကို ဟျောင်းက ရှင်းပြလေသည်။ Yoongi အခွေငှားရန် ထွက်လာခဲ့သည်။ အခွေဆိုင်နှင့် အိမ်နဲ့ကနီးနီးလေးမို့လို့ လမ်းလျှောက်ထွက်လာခဲ့သည်။ မေမေက ဟာသကားဆိုရင် အသည်းအသန်ကြိုက်သည်။ ဒီနေ့ ဟာသကားကားသစ် ရောက်နေတယ်ဆိုလို့ Yoongi ကိုလွှတ်တာဖြစ်သည်။

" ဟေ့... Min "

ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ မမယူနာ။ ထိပ်တိုက် တွေ့နေတော့လည်း ဘယ်လိုမှ မရှောင်သာ။

"𝐉𝐢'𝐬 𝐋𝐢𝐠𝐡𝐭"Where stories live. Discover now