Part-4

658 65 6
                                    

နာမည်က Park Jiminတဲ့။ရုပ်လေးက ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမဲ့ ‌မိန်းကလေးတွေထက်လှသည်ယောက်ကျာ်းတစ်ယောက်ကိုလှတဲ့သုံးနှုန်းလို့မရပေမဲ့ သူကတော့တကယ်လှသည်။ကိုယ်ကသာဂရုမစိုက်ဘဲနေပေမဲ့ သူက ကိုတွေကို ဂရုမစိုက်ဘဲနေတော့လည်း မကြိုက်ချင်ပေ။

"‌Taehyungလုပ်ငန်းစတော့မယ် မင်းဘယ်သွားနေတာလည်း"

"ထုံးစံ အတိုင်းမင်းတို့ကိုစောင့်ရင်း အိပ်ပျော်သွားလို့"

"မင်းကတော့ အအိပ်နဲ့အစားကတော့ စံပါပဲကွာ"

ပြောလည်းပြောချင်စရာပင် Taehyungက အိပ်စက်ခြင်းကိုခုံမင်သူ။သူငယ်ချင်းတွေကို စောင့်ရင်းဖြစ်ဖြစ် စာအတူကျက်ကြရင်း သူ အရင် စာရရင်ဘဲဖြစ်ဖြစ် ရသမျှအချိန်မှာ ကြုံရာ နေရာမှာ အိပ်တတ်သူပင်။

"လာပြီ လာပြီ"

Jungkookက သတိပေးလိုက်သဖြင့် Yoongi ကြိုစီမံထားသည့် အတိုင်း ပိုက်ဆံငါးထောင်တန်ကို ပစ်ချလိုက်၏။ကောင်လေး ပိုက်ဆံအနားကို လောက်လာပြီ။

"ဟာ....မကောက်ဘူး၊ကျော်သွားပြီကွ"

တကယ်မမြင်တာလား၊တမင်မကောက်ဘဲ သွားတာလားတော့ မသိ။ကောင်လေးက ပိုက်ဆံကို ယောင်လို့ပင် ငုံ့မကြည့်ပေ။

"ဟာ ဟ"

ကောင်လေးက ပိုက်ဆံကို မကောက်ဘဲ နောက်မှလျှောက်လာသော ငနဲတစ်ကောင်က ပိုက်ဆံကို အတင်းပြေးကောက်လေသည်။

"ဟာကွာ......သွားပြီ၊ထောင်တော့တစ်ယောက် မိတော့တစ်ယောက်"

ထိုစဉ်Yoongiထံမှ

"ဟ...ဟ....ဟပ်ချိုး"

"ဘာလည်း....တုပ်ကွေးမိတာလား"

"ဘယ်ကလာ တုပ်ကွေးမိရမှာလည်း၊ပန်းတွေထဲကို နှာချေဆေးထည့်တာHyungလေ၊ ဆေးမှုန့်တွေ Hyung ကိုယ်မာ ကပ်ကျန်ခဲ့ပြီ ထင် ပါရဲ့"

ပြောရင်းYoongi မသင်္ကာသလို သူ့ကိုယ်သူဟိုပုတ် ဒီပုတ် လုပ်ပစ်လိုက်၏။Jungkookက လက်ပိုက်လျက်ရပ်နေရင်းမှ...

"သူများကို မကောင်းကြံလို့ ကိုယ်ဘေးဒဏ်ထိတာပေါ့"

"အံမယ် Jungkook.....မင်း‌သူတော်ကောင်းလုပ်မနေနဲ့"

"𝐉𝐢'𝐬 𝐋𝐢𝐠𝐡𝐭"Donde viven las historias. Descúbrelo ahora