Part_10

1.1K 83 12
                                    

‌တွေ့နေကျမို့ မျှော်ရတာ လည်ပင်းတွေပင် ရှည်ထွက်နေပြီ။သူတို့ ဒီနေ့ ဘာလို့ နောက်ကျနေကြတာပါလိမ့်။

"Ji"

"ဟင်"

ခေါ်သံကြောင့် မော့အကြည့်၊Jiကိုပြုံးပြနေသောသူနှင့်ကောင်လေး။

"ဟျောင်း ကိုသိလား"

"အဟင်း"

ဝေးမသိတာကို ခေါင်းခါရမှာ အားနာသဖြင့် ရယ်လိုက်ခြင်းပါ။

"ရဲရဲခေါင်းခါလိုက်ပါကွာ.....အားမနာပါနဲ့၊Jiက မသိပေမဲ့ ဟျောင်းက Jiကို သိနေတယ်လေ"

"ဟို ဘယ်သူလည်းဟင်"

"ဟျောင်းလား"

"အင်း"

"Jung Hoseok ပါ"

"Hoseokလို့ခေါ်ပေါ့ ဒါမှ မဟုတ်လည်း ဟျောင်းလို့ခေါ်လေ Jiက ဟျောင်းထက်ငယ်‌တယ်ထင်တယ်"

Jiက ခေါင်းညိတ်ပြတော့ Hoseok ကJiရဲ့ဘေးမှာဝင်ထိုင်လိုက်သည်။

"ဒီနေ့ Luna ကျောင်းမတက်ဘူးလား"

"ခုထိ‌တော့ မလာသေးဘူး ဟျောင်းရဲ့"

"ဟျောင်း အဖော်လုပ်ပေးမယ်လေ"

"ကျေးဇူးတင်ပါတယ် ဟျောင်း"

နူးညံ့တဲ့အပြုံးလေးတွေကြားမှာ Ji နှင့်Hoseok စကားလက်ဆုံကျရင်း သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။

ဒီနေ့ Lunaတစ်ယောက် သူ့အမေရောက်လာလို့ ကျောင်းမတက်ဘူးဆိုတာသိပြီးပါပြီ။Lunaက နယ်မြို့ကမို့ အဆောင်ငှားနေသူပင်။Jiမျှော်နေတာကLunaမဟုတ်ဘူးဆိုတာ သူတစ်ယောက်တည်းသာသိပါသည်။

"ကင်းလာပြီ ကင်း"

"ကင်းမြီးကောက်လား၊ကင်းခြေများလား....အဟိ"

"လူကင်း လူကင်း၊ကင်းလိပ်ချောလေးလေ ဟိဟိ"

ကြားနေကျအသံမို့ Hoseok က လှည့်မကြည့်ပေမဲ့ Jiကတော့ ချာကနဲလှည့်ကြည့်ပြီး တစ်ယောက်သောသူကို မျက်လုံးနှင့်ရှာဖွေမိတော့သည်။

သူဘယ်မှာလဲ။ရင်ထဲမှာ ဟာသွားရလေ၏။

"Jimin"

"Hoseok"

ပြိုင်တူခေါ် ပြိုင်တူရောက်လာကြရင်း YoongiကJunkookကို ကြည့်ကာ.....

"𝐉𝐢'𝐬 𝐋𝐢𝐠𝐡𝐭"Where stories live. Discover now