Part.1

8.7K 106 0
                                    

ဒေါသကြောင့်ခရမ်းရဲ့မျက်နှာလေးကနီရဲနေလေ၏။
ပြီးတော့သူမနဲ့မလှမ်းမကမ်းကလူကိုမကျေမနပ်ကြည့်ပြီးအိပ်ရာပေါ်ကခေါင်းအုံးကိုဆွဲယူကာသူ့အားပစ်ပေါက်ပြီး

''ကလိမ်ကကျစ်ကြီး လူယုတ်မာကြီး''

တည်စေခေါင်းအုံးကိုအမိအရဖမ်းလိုက်ပြီးခရမ်းနားလျှောက်လာကာသူမဘေးဝင်ထိုင်ပြီး

''ဟုတ်တယ် ငါလိမ်မိတယ် ဒါပေမယ့်မင်းမနစ်နာစေရပါဘူး''

''နစ်နာတာမနစ်နာတာထက်ကျွန်မအဒေါ်တို့သိရင်​ေ.သပြီပဲ ဘာမှအပိုတွေမပြောနဲ့ ရှင်ပြောသလိုခြောက်လပဲ ခြောက်လပြည့်လို့ကတော့ရှင့်ဘာသာရှင်ဘယ်လိုနေခဲ့နေခဲ့ကျွန်မကတော့ကလောကိုပြန်မှာပဲ''

ပြောပြီးခရမ်းအိပ်ရာမှဝင်လှဲကာသူ့အားကျောပေးလိုက်၏။
တည်စေ ခရမ်းရင့်ဆိုသောသူမလေးကိုကြည့်ကာပြုံးလိုက်မိသည်။

အသားအရေကဖြူဥနေ၍သူကတော့သူမအားပိုးဟပ်ဖြူလို့သာချစ်စနိုးနဲ့ခေါ်၏။
အရပ်ကလေးကပုပု လူကောင်သေးသေးကွေးကွေးလေးနဲ့သူမကအရမ်းချစ်စရာကောင်းသည်။

အရပ်ကသူ့ရင်ဘတ်ပဲရှိတာမို့တစ်ခါတစ်လေသူ့ကိုမော့ကြည့်ပြီးရန်တွေ့နေရင်ဘယ်လိုချစ်စရာကောင်းမှန်းမသိ။

သူမလေးသူ့အနားရောက်လာတာကသူအိမ်ကထွက်ပြေးရင်းကစတာပါ။
အဖွားပေးစားတဲ့မိန်းမကိုမယူချင်လို့ကျောင်းတုန်းကသူငယ်ချင်းရှိတဲ့ကလောကိုသွားရင်းသူမနဲ့ဆုံခဲ့တာ။

သူကလောမှာတစ်လနီးပါးကြာတဲ့ထိနေပြီးတော့ငစွာမလေးနဲ့ရင်းနှီးလာပြီးရန်ကုန်ကိုမပြန်ချင်တော့သလိုပြန်ဖြစ်ခဲ့ရင်တောင်သူမကိုတော့မထားခဲ့ချင်ပေ။

သူ့အဖွားကလည်းသူ့ကိုပြန်လာဖို့အမိန့်တွေလှမ်းပေးနေပြီဖြစ်တာကြောင့်လူ့လောကမှာမရှိတော့တဲ့သူ့အဖိုးကိုခုတုံးလုပ်ပြီးအဖိုးကရောဂါနဲ့​ေ.သမလိုဖြစ်နေတာ​ခြောက်လပဲနေရမှာမို့အဖိုးမဆုံးခင်သူ့မြေးချွေးမလေးကိုမြင်ဖူးသွားချင်တဲ့ဆန္ဒလေးကိုဖြည့်ဆည်း​ပေးချင်လို့ပါဆိုပြီးသူမအားခြောက်လတိတိသူ့ဇနီးအဖြစ်ဟန်ဆောင်ပေးဖို့အကူအညီတောင်းခဲ့တာ။

ကျွန်တော်တင်မြှောက်တဲ့မိဖုရား[Completed]Место, где живут истории. Откройте их для себя