Part.16

2.9K 59 0
                                    

         [အမှန်တရားနှင့်လိမ်ညာမှု]

လေညှင်းအိပ်ပျော်သွားတာနဲ့ချယ်ရီအောက်ထပ်ကိုပြန်ဆင်းလာလိုက်၏။
သူမအောက်ထပ်ကိုရောက်တော့ဦးလေးဖြစ်သူကအထုပ်တစ်ချို့နဲ့အိမ်ထဲဝင်လာပြီး

''ချယ်ရီ ဘယ်ချိန်ကရောက်တာလဲ''

''သိပ်မကြာသေးဘူး''

''ဪ''

ချယ်ရီသူ့လက်ထဲကအထုပ်​တွေကိုကြည့်ကာ

''ဘာတွေဝယ်လာတာလဲ''

''ဘေ ဟို လေညှင်းကသကြားလုံးတွေပဲတောင့်တနေလို့သူ့အတွက်ကလေးတွေစားတဲ့ဂျယ်လီလေးသွားဝယ်ပေးတာ သကြားလုံးဆိုချောင်းဆိုးမှာစိုးလို့''

''ဪ လေးလေးအန်တီလေးကိုသိပ်ချစ်မှာပဲနော်''

''ဒီကောင်မလေးကတော့ဘာတွေပြောနေလဲမသိဘူး ချစ်လို့ယူထားပါတယ်ဆို''

''အင်းပါ''

''လေညှင်းရော''

''အိပ်နေတယ် သွားမနှောက်ယှက်နဲ့''

''အင်း ပစ္စည်းတွေသွားသိမ်းလိုက်ဦးမယ်''

ချယ်ရီ မီးဖိုချောင်ထဲဝင်သွားတဲ့ဦးလေးဖြစ်သူကိုလိုက်ကြည့်ပြီး

''ဒီလင်မယားကငါမှမကယ်ရင်​ေ.သဖွယ်ရာရှိတယ်''

________

အိပ်ရေးပျက်တာတွေများပြီးလေညှင်းတစ်ယောက်အိပ်ပျော်သွားလိုက်တာနေ့လည်သုံးနာရီမှအိပ်ရာကနိုးလာ၏။

လေညှင်းမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာပထမဆုံးမြင်လိုက်ရတာကသူမဘေးမှာသူမနဲ့မျက်နှာချင်းဆိုင်မှာလာလှဲအိပ်ပြီးသူမအားကြည့်နေသောတမာန့်ကိုပါ။

''hubby''

တမာန်သူမဆံပင်လေးကိုနားကြားညှပ်ပေးပြီးနှုတ်ခမ်းကိုခပ်ဖွဖွနမ်းကာ

''အိပ်ပျော်သွားတာအကြာကြီးပဲ''

''အင်း''

''ကိုယ်ဘေဘီစားဖို့ဂျယ်လီလေးတွေဝယ်ထားတယ်''

''hubby လေညှင်းအပေါ်ဘာလို့အဲလောက်ကောင်းပြနေတာလဲ''

''ကိုယ်ဘေဘီ့ကိုချစ်တယ်လို့ပြောတယ်လေ ကိုယ်ဘေဘီ့ကိုချစ်လို့ပေါ့''

လိုချင်တယ်...အချစ် [completed]Where stories live. Discover now