Part.9

2.9K 65 0
                                    

       [ကြင်နာတတ်သောဘီလူးကြီး]

နဂိုကတည်းကဓမ္မတာလာရင်သူများတွေထက်ကိုပိုခံစားရသူပီပီ ခုလည်းလေညှင်းတစ်ယောက်အိပ်ရာထဲကမထနိုင်ပါ။
ဗိုက်ထဲကမခံမရပ်နိုင်အောင်နာကျင်နေပြီးခန္ဓာကိုယ်တစ်ခုလုံးကကိုက်ခဲနေကာလူကနုံးချိနေလေသည်။

''ဘေဘီ ဆေးသောက်ရအောင်နော်''

အသံနဲ့အတူတမာန်ကသူမဘေးလာကပ်ပြီးလက်မောင်းလေးကိုကိုင်ကာပြောလာ၏။

''မသောက်ချင်ပါဘူး''

''ဘေဘီဆေးသောက်မှသက်သာမှာပေါ့ လိမ္မာတယ်ထ''

သူကလေညှင်းကိုယ်လေးကိုဆွဲထူပြီးသူမအားဆေးတိုက်လေသည်။

''လာ ပြန်လှဲအိပ်လိုက်''

လေညှင်းပြန်လှဲအိပ်ပြီးမကြာပါ။သူ့ရဲ့လက်ချောင်းတွေကလေညှင်းဗိုက်အောက်ပိူင်းကိုရောက်လာ၍လေညှင်းသူ့အားပြူးကြောင်ကြောင်နဲ့ကြည့်ပြီး

''ဘာလုပ်တာလဲ''

''ဒီလိိုနှိပ်ပေးတာကသွေးစီးဆင်းမှုကိုကောင်းမွန်စေပြီးသားအိမ်ဆီကိုသွေးရောက်စေလို့ဗိုက်နာတာကိုသက်သာစေတယ်တဲ့''

''ဘယ်သူပြောတာလဲ''

''googleကလေ ဘယ်လိုလဲ နေလို့ကောင်းရဲ့လားဘေဘီ''

လေညှင်းမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်

''အင်း''

လေညှင်းရဲ့ဗိုက်နဲ့ခါးကိုအသာနှိပ်ပေးနေသောသူ့ကိုလှမ်းကြည့်ပြီးလေညှင်းနေရင်းထိုင်ရင်းကြက်သီးတွေထလာ၏။
သူကခုလိုလည်းဂရုစိုက်တတ်သလား။

ခဏကြာတော့လေညှင်းနေရတာအနည်းငယ်သက်သာသလိုရှိလာပြီးလူကလည်းအိပ်ပျော်၍သွားလေတော့သည်။

.....

လေညှင်းတစ်​ရေးနိုးတော့ဗိုက်ပေါ်ကအရာကြောင့်မျက်လုံးကိုပြူးပြဲဖွင့်ကြည့်ရာသူမဗိုက်ပေါ်မှာရေနွေးအိတ်တစ်ခုရှိနေပြီးသူကလည်းထိုင်လျက်နှင့်မေးထောက်ကာအိပ်ပျော်နေလေသည်။

လေညှင်းအိပ်ရာမှထပြီးသူ့လက်မောင်းကိုအသာကိုင်ကာ

''ဒီမှာ''

လိုချင်တယ်...အချစ် [completed]Where stories live. Discover now