Part.2

6.2K 125 1
                                    


  ''Wedding day & pregnant case''

မင်္ဂလာပွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့သတို့သားနဲ့သတို့သမီးကလူအများရဲ့အာရုံကိုအမိအရဖမ်းစားထားနိုင်တာထုံးစံပဲလေ။အခုလည်းမင်္ဂလာလျှောက်လမ်းကနေလျှောက်လှမ်းလာတဲ့သူတို့နှစ်ဦးဆီကနေဘယ်သူမှအကြည့်မခွာနိုင်။

အထူးသဖြင့်တမာန်ပေါ့။
တူမဖြစ်သူဝတ်ဆင်ထားတဲ့ဝတ်စုံကိုပဲအာရုံစိုက်မိနေကာလူကငေးမောတွေးတောနေမိတာသူမဟုတ်တဲ့အတိုင်း။

မျက်မှန်အောက်ကသူ့မျက်လုံးတွေမှိတ်ကျသွားစဥ်သူ့နားထဲမှာစကားသံတစ်ချို့ကိုပြန်ကြားယောင်လာ၏။

''ကိုနဲ့လေပြေလက်ထပ်ရင်ဒီမင်္ဂလာဝတ်စုံလေးကိုဝတ်မယ် လေပြေကိုယ်တိုင်ချုပ်မယ်''

ထိုစဥ်

''ဒီမင်္ဂလာပွဲအခုရပ်''

ကြားလိုက်ရတဲ့အသံကြောင့်သူမျက်လုံးကိုအသာဖွင့်ကြည့်တော့ပန်းလေညှင်းဆိုသောမိန်းကလေးကတစ်ခြားမိန်းကလေးတစ်ယောက်ရဲ့လက်ကိုဆွဲကာမင်္ဂလာလျှောက်လမ်းအတိုင်းလျှောက်လာ၏။

သူမပုံစံကပြဿနာတစ်ခုခုကိုသယ်ဆောင်လာပုံ။
ထက်မြတ်နိုင်နဲ့ဆောင်းချယ်ရီလည်းစင်ပေါ်တက်မလို့လုပ်နေရာကနေနောက်ကိုလှည့်ကြည့်လာ၏။

ချယ်ရီထိုဒီဇိုင်နာမလေးကိုကြည့်နေတုန်းသူမကမကြာခင်သူမခင်ပွန်းဖြစ်တော့မယ့်​ထက်​မြတ်နိုင်ရဲ့ပါးကိုဆွဲရို.က်ပစ်လိုက်လေသည်။

လွန်ခဲ့သောနာရီအပိုင်းအခြားက

လေညှင်းကဒူးအထက်သာရှိတဲ့ပန်းပွင့်အဖြူနုတ်နုတ်လေးတွေပါသောဂါဝန်မဝဲတဝဲအနက်ရောင်လက်တစ်လုံးလေးနဲ့ထိုအပေါ်ကနေကုတ်အင်္ကျီအနက်ရောင်လေးကိုထပ်ဝတ်ကာအိမ်ပေါ်မှဆင်းလာ၏။

သူမဆောင်းချယ်ရီရဲ့မင်္ဂလာပွဲကိုတက်ဖို့ပါ။ခါတိုင်းဆိုထိုသို့ဖိတ်ကြားရင်သွားခဲပေမယ့်အခုဆောင်းချယ်ရီကသူမကိုအတင်းတောင်းဆိုထားတာကြောင့်မသွားရင်အားနာစရာကြီးမို့သွားရမှာပါ။

''မေမေ သမီးသွားပြီနော်''

''မနက်စာစားသွားဦးလေကလေး''

လိုချင်တယ်...အချစ် [completed]Donde viven las historias. Descúbrelo ahora