Part.11

2.8K 58 0
                                    

                 [101ပွင့်နှင်းဆီဖြူ]

ဒီနှစ်လထဲသူမကိုဝတ်စုံအပ်ထားတာသုံးစုံတောင်ရှိတာမို့လေညှင်းတစ်ယောက်မအားလပ်နိုင်အောင်ဖြစ်နေရသည်။

မနက်ဆိုလည်းအစောကြီးဆိုင်ကိုသွားပြီးညဆိုလည်းမိုးချုပ်မှပြန်လာ၏။
အိမ်ပြန်ရောက်ရင်လည်းတော်တော်နဲ့အိပ်ရာမဝင်ပဲအလုပ်ထိုင်လုပ်နေတတ်သေးသည်။

သူမအတွက်တမာန်ပြင်ပေးထားတဲ့အလုပ်ခန်းလေးထဲမှာလေညှင်းတစ်ယောက်ခေါင်းပင်မထောင်နိုင်အောင်စက်ချုပ်နေတုန်းသူမရဲ့စက်ခုံလေးပေါ်နွားနို့တစ်ခွက်ရောက်လာ၏။

သူမမော့ကြည့်လိုက်တော့တမာန်ကသူမကိုပြုံးပြကာ

''အလုပ်ကိုနားနားနေနေလုပ်ပါ ကိုယ့်ကျန်းမာရေးကိုလည်းဂရုစိုက်မှပေါ့''

''အလုပ်လုပ်မှထမင်းစားရမှာပေါ့''

''မင်းယူထားတာငမွဲမှမဟုတ်တာဘေဘီ''

''ယောကျ်ားလုပ်စာတော့ထိုင်မစားနိုင်ဘူး''

သူကသူမမျက်နှာနားကပ်လာပြီး

''ဘေဘီကကိုယ့်ကိုယောကျ်ားလို့သတ်မှတ်တယ်ပေါ့''

လေညှင်းသူ့ကိုမျက်နှာလွှဲပြီး

''အပိုတွေလာပြောမနေပါနဲ့ လေညှင်းအလုပ်ရှုပ်နေတယ် သွားအိပ်တော့''

တမာန်ကသူမနောက်ကျောဘက်ရောက်လာပြီး

''ကိုယ့်မိန်းမကမှအနားမှာမရှိတာ ဘယ်အိပ်ပျော်ပါ့မလဲ''

ပြောရင်းသူ့လက်တွေကသူမပုခုံးပေါ်ရောက်လာပြီးသူမကိုအသာနှိပ်ပေးကာ

''နေလို့ကောင်းလား''

လေညှင်းပြုံးတုံးတုံးဖြင့်

''အွန်း''

''ဘေဘီလုပ်စရာရှိတာလုပ်လေ ကိုယ်စောင့်ပေးမယ်''

''လေညှင်းကကြာဦးမှာ''

''ကိုယ်တစ်ညလုံးတောင်မအိပ်ဘဲနေခဲ့ဖူးပြီးပါပြီ''

''ဟင် ဘာ ဘာကိုပြောတာလဲ''

သူမမေးခွန်းရဲ့သဘောတရားကိုသူကောင်းကောင်းကြီးသဘောပေါက်ကာမချိုမချဥ်ပြုံးစိစိရုပ်နှင့်

လိုချင်တယ်...အချစ် [completed]Where stories live. Discover now