Part.3

3.3K 80 0
                                    

      My ex-girlfriend's sister

ရတုသတင်းကိုကြားကြားချင်းတမာန်နဲ့လေညှင်းတို့ခန်းမကနေဆေးရုံကိုရောက်လာ၏။သူတို့ရောက်သွားတော့ချယ်ရီနဲ့မင်းမြတ်သူရတို့ကိုပါတွေ့လိုက်ရသည်။

''ဘယ်လိုဖြစ်တာလဲ''

တမာန့်အသံကိုကြားတော့ကုတင်ပေါ်မှာအိပ်ပျော်နေတာလားသတိလစ်နေတာလားမသိရသောရတုခင်ကိုရပ်ကြည့်နေကြတဲ့သူတို့အားလုံးနောက်ကိုလှည့်ကြည့်လာကြသည်။

''လေးလေး အီးဟီး ဟီး''

ငိုချင်ရဲ့လက်တို့ဖြစ်နေသောချယ်ရီကဦးလေးဖြစ်သူကိုမြင်တာနဲ့ပြေးဖက်ပြီးဟီးခနဲငိုချ၏။
တမာန်သူမကျောလေးကိုပုတ်ပြီး

''မငိုနဲ့ ဘာမှမဖြစ်ဘူး ပြီးသွားပြီ''

ထိုစဥ်ရတုခင်နိုးလာလေသည်။

''ကျွန်မ ဘယ်ရောက်နေတာလဲ''

သုတကသူမကိုကြည့်ကာသက်ပြင်းခပ်ဖွဖွချရင်း

''ဆေးရုံမှာ မင်းစိတ်အေးအေးထားနော်ရတုခင်''

''......''

''မင်း မင်းabortionဖြစ်သွားပြီ''

''ရှင်!''

ရတုခင်သတိမရခင်ကတည်းကထိုအခန်းထဲကနေဘယ်သူမှမသိအောင်တိတ်တဆိတ်ထွက်လာခဲ့တဲ့လေညှင်းတစ်ယောက်အခန်းရှေ့မှာရပ်နေရင်းအခန်းထဲကရတုရဲ့အော်ငိုသံကိုကြားချိန်မှာသူမအမှားကြီးတစ်ခုကိုကျူးလွန်လိုက်မိပြီလို့ကိုယ့်ကိုယ်ကိုတွေးထင်မိရင်းမျက်ရည်များကျလာရသည်။

သူမခုံလေးမှာဝင်ထိုင်ရင်းတံတောင်ဆစ်နှစ်ဖက်ကိုဒူးပေါ်ထောက်ကာလက်ဖဝါးနှစ်ဖက်ကိုဆုပ်ကိုင်၍နဖူးကိုထိုလက်တွေပေါ်မှာတင်ထားမိသည်။

ထိုစဥ်သူမခေါင်းကိုတစ်စုံတစ်ယောက်ကလာကိုင်၍သူမမော့ကြည့်လိုက်တော့တမာန်တော်ဆိုတဲ့သူဖြစ်နေ၏။

လေညှင်းမျက်ရည်တွေကိုလက်ခုံနဲ့ဖိသုတ်ရင်း

''ကျွန်မမှားသွားပြီ တစ်ကယ်မှားသွားပြီ ဒါတွေအားလုံးကျွန်မတစ်ယောက်တည်းကြောင့်ပဲ''

တမာန်သူမနားမှာခြေဖျားထောက်ထိုင်ချရင်း

''အမှားဆိုလည်းစေတနာအမှားပဲဖြစ်မှာပါ အခုကိုယ့်တူမရောမင်းသူငယ်ချင်းရောနာကျင်ရတာ အရှက်ကွဲရတာခဏပဲ မင်းသာရေငုံနှုတ်ပိတ်နေခဲ့ရင်သူတို့ဘဝလုံးငရဲကျသလိုဖြစ်နေကြမှာ အခုသူတို့ကြုံနေရတာကတစ်ဘဝလုံးဒုက္ခခံစားနေရမှာနဲ့စာရင်အများကြီးဖြေသာပါတယ် မင်းမမှားပါဘူး''

လိုချင်တယ်...အချစ် [completed]Where stories live. Discover now