Part.4

5.5K 115 2
                                    

                အပိုင်သိမ်းမယ်

ဟိုလူကြီးပြောခဲ့တဲ့စကားကြောင့်လေညှင်းအစ်မဖြစ်သူကိုဖုန်းဆက်မေးကြည့်လိုက်မိသည်။

''မမ တမာန်တော်ဆိုတဲ့လူကိုသိလား''

''ဘယ်သူ တမာန်တော်ဟုတ်လား''

လေပြေ့ရင်ထဲထိတ်ခနဲဖြစ်သွားသည်။

''အင်း သူကfloral dressကိုဝယ်မယ်တဲ့ ဘယ်လောက်တောင်းတောင်းပေးမယ်တဲ့''

''လေညှင်း နင်သူနဲ့မပတ်သက်နဲ့နော် သူက သူ''

''သူကဘာဖြစ်လဲ''

''သူကနတ်ဆိုးလိုလူပဲ နင်သူနဲ့လုံးဝမပတ်သက်နဲ့ကြားလား''

''မမသူနဲ့သိနေတယ်ပေါ့ဟုတ်လား''

''အေးသိတယ် သူကငါ့ရည်းစားဟောင်း''

''ဟမ်''

''ဟုတ်တယ် သူကသိပ်ပြီးဆိုးသွမ်းတဲ့သူ နင်သူနဲ့မပတ်သက်နဲ့ ငါအတန်တန်မှာထားတဲ့ကြားကနင်သူနဲ့ပတ်သက်လို့ကတော့နင့်ထိုက်နဲ့နင့်ကံပဲ''

''အင်းပါမမရဲ့ ညီမလေးမပတ်သက်ပဲနေပါ့မယ်''

''အေးပြီးရော မေမေရောနေကောင်းလား''

''ကောင်းပါတယ် တူလေးရောမမ''

''အိပ်နေတယ် နောက်လထဲငါရန်ကုန်ကိုလာခဲ့မယ်''

''ဟုတ်မမ ဒါပဲနော်''

''အင်း''

လေညှင်းဖုန်းချပြီးတာနဲ့ခုံလေးမှာဝင်ထိုင်လိုက်၏။

''မမရည်းစားဟောင်းတဲ့လား သူကငါ့ကိုမမရဲ့ညီမမှန်းသိလို့ခုလိုလုပ်တာလား အရူး''

_____

လည်ချောင်းထဲစီးဝင်သွားတဲ့ယမကာရဲ့အရသာကိုသူမျက်လုံးတွေခံစားနေလိုက်၏။

''ပန်းလေပြေ မင်းကငါနဲ့ရင်မဆိုင်ရဲလို့အဝေးကိုပြေးတယ် စိတ်ချ မင်းငါနဲ့မပတ်သက်ပဲနေလို့မရစေရဘူး မင်းငါနဲ့ပြန်ပြီးမျက်နှာချင်းဆိုင်စေရမယ်''

သူ့မျက်နှာကတည်ငြိမ်နေသလောက်သူ့မျက်လုံးတွေကကြောက်မက်ဖွယ်ရာ။

လွန်ခဲ့သောဆယ်နှစ်ဒီလိုနေ့မျိုးမှာသူချစ်ရတဲ့မိန်းကလေးအားလက်ထပ်ခွင့်တောင်းဖို့စီစဥ်ခဲ့ဖူးသည်။
သူမသိပ်ကြိုက်တဲ့ကျူးလစ်ပန်းတွေနဲ့အလှဆင်ထားတဲ့သူတို့နှစ်​ယောက်အတွက်နိဗ္ဗာန်ဘုံလေးကိုသူမကိုယ်တိုင်ပဲဖျက်စီးပစ်ခဲ့သည်။

လိုချင်တယ်...အချစ် [completed]Where stories live. Discover now