Part.6

3.1K 69 0
                                    

🚨Warningအနည်းငယ်ပါဝင်ပါသည်🚨

[ငါ့ရဲ့အလိမ်အညာမှာကျရှုံးသွားတဲ့မိန်းမလှလေး]

နှစ်ဖက်အသိုင်းဝိုင်းကအသိအနည်းငယ်နဲ့သာကျင်းပသောမင်္ဂလာပွဲလေးထဲမှာအဖြူရောင်သတို့သမီးဝတ်စုံနဲ့အလှကြီးလှနေသောသတို့သမီးလေး။

သူမမျက်နှာကတော့ပြိုတော့မယ့်မိုးလိုမဲမှောင်နေလျက်။
သူ့ဘေးကသတို့သားကတော့စားပွဲဝိုင်းတစ်ဝိုင်းမှာထိုင်နေတဲ့သူ့ရည်းစားဟောင်းကိုလှမ်းကြည့်ပြီးအဓိပ္ပါယ်ပါပါပြုံးကာသူ့ဘေးမှသတို့သမီးလေးရဲ့ခါးကိုအသာဆွဲဖက်ပြီးပါးကိုနမ်းလိုက်၏။

''ရှင်ဘာလုပ်''

''အသံမထွက်နဲ့ သရုပ်ပျက်အောင်မလုပ်နဲ့နော်''

သူ့စကားကြောင့်လေညှင်းအသံထပ်မထွက်ပဲငြိမ်နေလိုက်ရသည်။
မိုးကောင်းတုန်းရွာထားဦးပေါ့။

''ဒီညငါတို့ခြံထဲမှာလုပ်မယ့်ပါတီကိုမင်းအစ်မကိုလာဖြစ်အောင်လာလို့ပြောလိုက် မဟုတ်ရင်ငါ့အကြောင်းသိမယ် ကြားလား''

လေညှင်းသူ့အားပေစောင်းစောင်းနဲ့ကြည့်ကာသူ့ရင်ဘတ်ကိုတံတောင်နဲ့မသိမသာတွန်းလွှတ်လိုက်၏။
ဘယ်လိုသန္ဓေဆိုးနဲ့လူမှန်းမသိ။

......

ထိုလူ့စကားကြောင့်လေညှင်းလည်းအစ်မဖြစ်သူလေပြေကိုသူမတို့ပါတီပွဲကိုလာဖြစ်အောင်လာဖို့ပြောလိုက်ရသည်။
ပါတီကသူတို့ခြံထဲမှာပဲကျင်းပတယ်ဆိုပေမယ့်တော်တော်လေးပြည့်စုံခမ်းနားသည်။

လေညှင်းဘက်ကအသိမိတ်ဆွေဆိုလို့ရတုနဲ့သူမအစ်မဇနီးမောင်နှံသာရှိပြီးကျန်တာသူ့မိတ်ဆွေတွေချည်းပင်။

လေညှင်းကိုသူကနောက်ကျောကပြောင် ရှေ့ကလည်းပေါင်ရင်းထိခွဲထားတဲ့dressအနီလေးကိုဝတ်စေ၏။
ဝတ်စုံကစက္ကန့်ပိုင်းအတွင်းဆွဲချွတ်လို့ရတဲ့ပုံစံမျိုး။

''ဒီမှာ ကျွန်မဒီဝတ်စုံနဲ့ကြာကြာမနေနိုင်ဘူးနော်''

''သိပါတယ် ပြီးရင်ချွတ်ရမှာပါ ဒီညကငါတို့ရဲ့ညလေ''

ပြောရင်းသူကလမ်းလျှောက်ထွက်သွားတော့သူ့လက်ကိုချိတ်ထားတဲ့လေညှင်းကသူ့နောက်အမီလိုက်ရတာမလုတ်မတိုက်ရုံတမယ်။

လိုချင်တယ်...အချစ် [completed]Where stories live. Discover now