အပိုင်း(၄၈၀)

Start from the beginning
                                    

ဒါရိုက်တာက ထျန်းနင်ကို အခွင့်အရေး ပေးသော်လည်း ထျန်းနင်က ယဉ်ယဉ်ကျေးကျေး ပြန်ငြင်းဆန်ခဲ့သည်။ ယခုလိုမျိုး အခွင့်အရေးကို စောင့်မျှော်နေသော တခြားသူများက ထျန်းနင်ကို မောက်မာသည့်ဟု ယူဆကြသည်။ ထို့ကြောင့် ထျန်းနင်ကို စက်ဆုပ်သော ခံစားချက်များ ပို၍ တိုးလာခဲ့သည်။

မို့ထင် နှင့် ထျန်းနင်တို့ ပေကျင်း ပြန်သောနေ့ဖြစ်သည်။ မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို သိသွားပြီးနောက် သူတို့စိုးရိမ်မှုကို အများသိိအောင် ချက်ချင်း ထုတ်ဖော်သည်။ သို့သော်လည်း ထျန်းနင်၏ဘေးကင်းလုံခြုံမှုကို ဦးစားပေးရ၍ အများပြည်သူထွက်သော ထွက်ပေါက်မှ မထွက်ခဲ့ပေ။

ဤတစ်ကြိမ်တွင် ထျန်းနင်က သူမ၏သရုပ်ဆောင် အလုပ်တွင် ထိပ်တန်းကို ရောက်ရှိသွားခဲ့ပြီး ပြည်တွင်းပြည်ပ ရုပ်ရှင်လောက နှစ်ခုလုံးတွင် နာမည်ကျော်ခဲ့သည်။ သို့သော်လည်း တခြားသူအားလုံးကို ကျော်ကြားမှုကို အများကြီး ခိုးယူခဲ့၍ လူအများစု၏ ဘဝတက်လမ်းကို ပိတ်ပင်သကဲသို့ ဖြစ်နေသည်။

တကယ်တမ်း တခြားသောအေဂျင်စီမှ အနုပညာရှင်များက သူမကို ဆန့်ကျင်ရန် လူစုနေသည်။

"ဒီတစ်ခေါက်တော့ ထျန်းနင်က ငါတို့ကို အရှိုက်ထိစေတယ်။ ငါတို့အပါအဝင် တခြားအနုပညာရှင်အများကြီးကိုလည်း ထိခိုက်စေခဲ့တယ်"

"သူ လူများများ စော်ကားလေ ငါတို့ပိုပျော်သင့်တယ် မဟုတ်ဘူးလား။ သူက မော်ဒယ်ဘဝတည်းက လူတိုင်းကို မထီမဲ့မြင်ပြုခဲ့တာလေ။ သရုပ်ဆောင်မင်းသမီး ဖြစ်သွားတော့လည်း ဘာများ ထူးခြားလို့လဲ ဘဝလေဟပ်နေတာပဲ။ သူ့ကို မြင်ရတွေ့ရတာက အစားအသောက်ပျက်တယ်"

"ဖျော်ဖြေရေးလောကမှာ ထျန်းနင်ကို အလဲထိုးဖို့ တီတိုးနေကြတယ်။ ထျန်းနင်ကို လဲဖြိုနိုင်တဲ့သူ ရှာတွေ့လို့ကတော့ သူ့ကို ငါတို့တွေ အသုံးချသင့်တယ်။ သူ့ကို ဆန့်ကျင်လို့ ငါတို့အတွက် အကျိုးထူးမယ် ဆိုရင်တော့ ငါတို့တွေ ဘာများစောင့်နေဦးမလဲ"

"ထားလိုက်ပါတော့ဟာ ဦးနှောက်ထဲ ထည့်မနေပါနဲ့။ မင်းတို့က ဟိုက်ဟွေ့ဖျော်ဖြေရေးကို တကယ်ရော ဆန့်ကျင်ရဲလို့လား။ ပြီးတော့ အခုကိစ္စကို ဟိုက်ဟွေ့က မသိဘဲ နေပါ့မလား။ ငါတို့ မကောင်းကြံစည် နေတာကို ပထမဆုံး သိမယ်သူက မို့ထင်ပဲ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now