နှစ်ယောက်လုံးက ခြံဝင်းထဲမှာ စကားပြောရင်းရယ်မောနေကြပြီး ယန်ရှိုးအာရဲ့ကိစ္စကိုစိတ်ထဲကနေမေ့သွားကြသည်။

"အမေ သမီးအခုမှသိခဲ့ရတာ နင်းမုန့်ယောင်ဆီမှာ ပစ္စည်းတွေရော ပန်းထိုးနည်းတွေရောအများကြီးရှိတယ်။သမီးကိုသင်ပေးစေချင်တာကို သူက သမီးကိုမသင်ပေးချင်ဘူး"

အဲ့ဒါတွေကိုတွေးမိတော့ ယန်ရှိုးအာက သူမနှလုံးသားကစိတ်တိုရလွန်းလို့ သွေးအန်တော့မလိုဖြစ်လာသည်။

မဒမ်လုက သူမသမီးကိုအံ့အားသင့်စွာကြည့်လိုက်သည်။မထင်မှတ်ထားတာကြီးမလို့ သူမကမေးလိုက်သည်။

"အဲ့ဒါကဘယ်လိုဖြစ်ရတာလဲ?အကြောင်းပြချက်ကဘာတဲ့လဲ"

ယန်ရှိုးအာက အေးစက်စက်ပြန်ဖြေလိုက်သည်။

"တစ်ခြားအကြောင်းပြချက်ရှိဦးမလား။အဲ့ဒါတွေအကုန်လုံးက ရန်လဲ့လဲ့ဆိုတဲ့ခွေးမလုပ်သွားတာတွေချည်းပဲ သူ့အမှားတွေပဲ"

အပြင်ဘက်မှာတော့ ယန်ရှိုးအာက လိမ္မာပြီး နားလည်လွယ်တဲ့ ယဉ်ကျေးတဲ့ကောင်မလေးလိုနေပေမယ့် သူမက တကယ်တမ်းတော့ ကြမ်းတမ်းပြီးတော့ရိုင်းစိုင်းသည်။

"ပါးစပ်ကိုသတိထား ရန်လဲ့လဲ့ကမကောင်းဘူးဆိုပေမယ့် သူက ရွာသူကြီးသမီးလေ တစ်ခြားလူတွေသိသွားရင် ငါတို့ကောင်းကောင်းနေရလိမ့်မယ်လို့ထင်နေလား"

မဒမ်လုကချက်ချင်းပဲ သူမသမီးပါးစပ်ကိုလှမ်းပိတ်လိုက်သည်။

ဒီလိုစကားလုံးတွေက အိမ်‌ထဲတစ်ယောက်ထဲရှိတုန်းပြောတာအဆင်ပြေ‌ပေမယ့် တစ်ခြားလူတွေသာ ဒါကို ကြားသွားရင် သူတို့တွေဝင်ဆန့်နိုင်မှာမဟုတ်တော့ပေ။

ရန်လဲ့လဲ့က သူမအိမ်မှာအလိုလိုက်ခံထားရတာဖြစ်သည်။ရွာသူကြီးနဲ့သူ့ဇနီးတင်မကဘဲ သူမရဲ့အစ်ကိုကြီးတွေနဲ့‌ဒေါ်လေးတွေကပါ အလိုလိုက်ထားကြတာဖြစ်သည်။

"အမေ ကျွန်မဂရုမစိုက်ဘူး"

ယန်ရှိုးအာက သူမစကားပြောမှားသွားတာ‌ေကြာင့်အေးစက်နေတဲ့မျက်နှာထားနဲ့မပျော်မရွှင်ပြောလိုက်သည်။

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးDove le storie prendono vita. Scoprilo ora