Chapter 18 ✨ : FATHER ✨

246 9 0
                                    

Recommended Song : Ordinary Days by Suzy

3rd December  2010 :

လမ်းကြိုလမ်းကြားလေးထဲ တစ်ခုဆီက ရိုက်ပုတ်သံများကြား လက်ကလေးနှစ်ဖက်ဖြင့် တတ်နိုင်သမျှကာနေသည့် ကလေးငယ်လေးမှာ ကိုယ်ပေါ်ကျလာသမျှ ရိုက်နှက်ဒဏ်များအား ကြိတ်မှိတ်လို့ခံနေရ၏။ သေးသေးညက်ညက်ကိုယ်လေးအား ချောင်ပိတ်ရိုက်နေသည့် အထက်တန်းကျောင်းသားများတွင် စာနာမှုဟူသည်ကို လုံးလုံးမျှ မတွေ့ရ ။ မိဘမဲ့ဂေဟာမှာနေရသည့်အပြင် ပိန်လှီနေသော လူကောင်ဖြစ်နေခြင်းမှာ စီနီယာကျောင်းသားများအတွက်တော့ စနောက်အနိုင်ကျင့်စရာ အရုပ်ကလေးတစ်ရုပ်ဖြစ်နေသည်ပင်။ ခုခံနိုင်ရန် အင်အားလည်းမရှိသည်မို့ Hajun တတ်နိုင်သည်မှာ အထိအခိုက်နည်းစေရန် ကာကွယ်နေရုံ ။

ယောကျ်ားကြီး၏ ဆူပူသံတချို့ကြားရပြီးနောက် အနားမှ၀ေးကွာသွားသော ခြေသံများ၊ မျက်လုံးကိုသာ စုံမှိတ်၍ လက်သေးသေးဖြင့် ကာထားဆဲ ။

"ဟေ့ ကောင်ကလေး မျက်လုံးဖွင့်ကြည့်ပါဦးအဆင်ပြေရဲ့လား "

"..."

ပထမဆုံးဖြစ်သည်၊ တစ်စုံတစ်ယောက်ဆီက စိတ်ပူခံရသည်မှာ ပထမဆုံးဖြစ်သည်။ အဲ့ဒါကလည်း သူစိမ်းဦးလေးကြီးတစ်ယောက်ဆီက ဖြစ်သည်။ ဂေဟာမှာတောင်မရခဲ့သည့် ကြင်နာမှုများသည် မမြင်ဖူး၊ မသိကျွမ်းဖူးသည့် သူစိမ်းတစ်ယောက်ဆီက မတောင်းဆိုပါပဲ ရခဲ့သည်။

ပုံပြင်တွေထဲက ဇာမဏီငှက်ရဲ့မျက်၀န်းတွေလိုစူးရဲနေပေမယ့် အဲ့ဒီမျက်၀န်းတွေထဲကနေ အကြင်နာတချို့ကို မြင်တွေ့ခဲ့ရသည်။ ဂေဟာတွေနေသည့်အကြောင်း၊ ဒီလိုအနိုင်ကျင့်မှုတွေဟာ ပုံမှန်ဖြစ်နေကျဖြစ်ကြောင်း ပြောပြပြီးနောက် မိမိလက်ကလေးများအား ဆုပ်ကိုင်ပြီး သူနဲ့လိုက်ခဲ့ချင်သလားဟု မေးလာတော့ မြန်ဆန်စွာပဲ ခေါင်းညိတ်ခဲ့မိသည်။

ထိုဦးလေးကြီး ကမ်းပေးလာသည့် အသားပေါက်စီပူပူလေးဟာ စားဖူးခဲ့သမျှအစားအစာတွေထဲမှာ အရသာအရှိဆုံးဖြစ်ခဲ့သည်။ ဒဏ်ရာများတစိုးတစဖြင့် လက်သေးသေးလေးအား ပထမဆုံးဆုပ်ကိုင်ပေးခဲ့သည့် လက်ဖ၀ါးကြီးတစ်ဖက်ဟာ အနွေးထွေးဆုံးဖြစ်ခဲ့သည်။

Delight in hell - ငရဲခန်း၌ မွေ့လျော်ခြင်း < Season 1 Completed > Where stories live. Discover now