အပိုင်း(၄၇၈)

Start from the beginning
                                    

ထျန်းနင်က အင်္ဂလိပ်စာ ကျွမ်းကျင်၍ သူတို့ဘာပြောနေလဲ သိနေသည်။ လူတိုင်းက သူမကို အထင်မြင်သေးသော အကြောင်းအရာများကို ပြောဆိုနေသော်လည်း သူမက ဒေါသကို ထုတ်ဖော်ခြင်း မရှိဘဲ မို့ထင်၏လက်မောင်းကို ချိတ်ကာ ဟိုတယ်ထဲ ဝင်ရောက်သည်။

နောက်ဆုံးအချိန်အထိ သူတို့အရှေ့ရောက်နေသော အမျိုးသမီးက သူတို့ အရူးအမူး စွဲလန်းခဲ့သော  Oriental မော်ဒယ်မှန်း ယခုထိတိုင် သတင်းထောက်များ မသိသေးပေ။

ကားထဲမှ ထွက်လာပြီးနောက် ထျန်းနင်က သူမ၏ ကုတ်အင်္ကျီကို ချက်ချင်း မချွတ်ခဲ့ပေ။ ဟိုတယ်ထဲ ရောက်ပြီးမှသာ မို့ထင်က သူမကို အပေါ်အင်္ကျီ ကူချွတ်ပေးပြီး ဝန်ထမ်းကို ကမ်းပေးလိုက်သည်။

ထိုစဉ် ပွဲတစ်ပွဲလုံး ဧည့်သည်တော်များနှင့် ပြည့်နှက်နေသည်။

ထျန်းနင် ဝတ်ဆင်ထားသော ချီပေါင် ဝတ်စုံကြောင့် နိုင်ငံခြားသားများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူမ၏ဝတ်စားဆင်ယင်ပုံက နန်းတော်နှင့်တူသော ဟိုတယ် ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု ရှိသည်။

ထျန်းနင်က သူမ၏ဘေးနားမှာ ထွက်သွားရန် ကြံရွယ်နေသော မို့ထင်၏ လက်မောင်းကို ချိတ်လျက် ပြုံးပြသည်။
"ချစ်လေး ဘေးနားမှာ ထင် ရှိနေဖို့ လိုအပ်တယ်"

မို့ထင် ခေါင်းညိတ်လိုက်ပြီး သူမကို Takaအနား ခေါ်သွားသည်။

"ဒီအရှေ့တိုင်းမိန်းကလေးကို အရမ်းရင်းနှီး နေသလိုပဲ..."

"သူ့ဝတ်စုံက အရမ်းလှပြီး ထူးခြားတော့ ဘယ်ဒီဇိုင်းနာ ချုပ်ထားလဲ သိချင်လိုက်တာ"

"အာရှ အဝတ်အစားတွေက ရှုပ်တယ်ထင်လို့ အရင်က မကြိုက်ဖူးဘူး။.ဒါပေမဲ့ ဒီမိန်းမ ဝတ်ထားတဲ့ ဝတ်စုံကို မြင်တော့ ငါလည်း စမ်းဝတ်ချင်မိတယ်"

"အို့စ် ဒါနဲ ဒီဝတ်စုံက ငါတို့စီမှာ ခေတ်စားခဲ့ဖူးတယ်မလား"

ထျန်းနင် နှင့် မို့ထင်က  Taka အရှေ့မှာ မတ်တတ် ရပ်လိုက်ကြပြီး Takaက သူ့ဟန်အမူအရာ အတိုင်း သူ့အေဂျင်စီ၊ သူ့အဖွဲ့များနှင့် မိတ်ဆက်ပေးသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now