မော့တိက ပြုံးရယ်လျှက် မုထျန်းဟန်ဘက်လှည့်လိုက်သည်။

“ကိုကို...ဘယ်လိုထင်လဲ...”

“ရင်သပ်ရှုမောဖွယ်ပါပဲ...မင်းနဲ့ယှဥ်သမျှ အရာအားလုံးဟာ မှေးမှိန်သွားကြမှာပဲ...”

မုထျန်းဟန်က မော့တိထံလျှောက်သွားကာ သူ၏လက်မောင်းများအတွင်း ညင်သာစွာဆွဲယူလျှက် တမြတ်တနိုးပွေ့ဖက်ထား၏။

သူက မော့တိ၏ဆံစများ​ပေါ်သို့ အစွမ်းကုန်ချစ်ခင်မှုတို့ဖြင့် နူးညံ့စွာအနမ်းခြွေလိုက်သည်။

“ကိုယ့်ရဲ့မင်းသားလေး...”

မော့တိ မျက်နှာလေးရဲသွားခဲ့သည်။ မုထျန်းဟန်က သူ့နှလုံးသား၏ ခလုတ်ကိုဖိလိုက်သကဲ့သို့ ထိန်းချုပ်မရစွာ ရင်ခုန်သံမြန်လာခဲ့၏။

“ကိုကို…”

“ဒါပေမယ့်...တစ်ခုထပ်ထည့်ဖို့ ကျန်သေးတယ်...”

မုထျန်းဟန်က မော့တိအား လွှတ်လိုက်ကာ အိတ်အတွင်းလက်နှိုက်၍ နေဗီပြာရောင်ဘူးက​လေးကို ထုတ်ယူလိုက်သည်။ ဘူးအတွင်းတွင် အရည်အသွေးကောင်းမွန်သည် စိန်ပြာအား ပလက်တီနမ်ဖြင့်ဝန်းရံထားသော လက်ကြယ်သီးတစ်စုံ ရှိနေလေသည်။

မုထျန်းဟန်က လက်ကြယ်သီးများကို ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ပေးလာသည်။ ထို့နောက် ချစ်ခြင်းတို့ထုံမွှမ်းနေသည့် မျက်ဝန်းများဖြင့် မော့တိအား ငေးကြည့်လိုက်မိသည်။

“ကိုယ့်ရဲ့မင်းသားလေးက ဘယ်လောက်တောင် ခန့်ညားလိုက်သလဲ..."

မော့တိ၏နှလုံးသားက ငှက်မွှေးကလေးဖြင့် ကလိထိုးခံရသကဲ့သို့ ခံစား​နေရ၏။ မုထျန်းဟန်၏ မှော်ဆန်သောအသံက သူ့နားရွက်များနှင့် အရေပြားတစ်လျှောက် ဖြတ်သန်းသွားကာ နှလုံးသားအောက်ခြေအထိ ရောက်ရှိသွားခဲ့ပြီး တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့သည်အထိ ထုံထိုင်းသွားစေခဲ့သည်။

မော့တိ၏ပါးပြင်က ပိုမိုနီရဲလာကာ သူ၏ရင်ဘတ်တစ်ခုလုံးတွင်လည်း နွေးထွေးသော ပျားရည်များဖြင့် ပြည့်နှက်လျက် ရှိလေသည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now