မော့တိက ပြုံးလိုက်၏။
ဒါဆို ဝန်ဆောင်မှုပေးတာကို ထိုင်စောင့်နေမယ်နော်...
မုထျန်းဟန်နှင့် မော့တိက ပြင်သစ်စားသောက်ဆိုင်တွင် သူတို့အတူမစားဖူးသည့် အစားအစာအား မှာယူ၍ ညစာစားခဲ့ကြသည်။
ညစာစားပြီးနောက် မော့တိက ကုဒ်ရေးရန် ကျင်းသာ့သို့ ပြန်သွားခဲ့လေသည်။
အခန်းဖော်သုံးဦးက လန့်စရာကောင်းအောင်ပင် တိတ်ဆိတ်နေကြသည်။ အဆုံးသတ်တွင် ချန်ကျောင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ မေးမြန်းလာခဲ့သည်။
ရှောင်တိ...မော့လျှိုကွေ့နဲ့ အတူသွားတော့ တစ်ခုခုဖြစ်ခဲ့သေးလား...သူမ မင်းအပေါ် အနိုင်ကျင့်စရာတစ်ခုခု ရှာတွေ့သွားခဲ့လား...
သူမမှာ အခွင့်အရေးမရှိပါဘူး...
မော့တိက အလုပ်လုပ်နေရင်း ပြန်ဖြေသည်။
ဘာလို့လဲ...မင်းတို့ တစ်ခုခုကြားခဲ့လို့လား...
အာ...ပြင်းထန်တဲ့ကိစ္စတော့ မဟုတ်ပါဘူး...တခြားဌာနက ကောင်လေးတွေစုပြီးတော့ မင်း မော့လျှိုကွေ့ကို အနိုင်ကျင့်ခဲ့တယ်ဆိုပြီး မင်းရဲ့မကောင်းကြောင်းတွေ ထိုင်ပြောနေကြတာကို ငါ အမှတ်တမဲ့ကြားလိုက်လို့လေ...သူတို့က မင်းကို သင်ခန်းစာပေးမယ်လို့တောင် ကြိမ်းဝါးနေကြတယ်...
ချန်ကျောင်းက ပြောရင်းဒေါသထွက်လာခဲ့သည်။
အလှကြောင့်ကန်းနေတဲ့ အရူးတစ်သိုက်ပါကွာ...
ဘာပဲဖြစ်ဖြစ် ရှောင်တိ...မင်းဘာမှ စိုးရိမ်စရာမလိုဘူး...ဒီဖေဖေက မင်းကို ကာကွယ်ပေးမယ်...
လင်ကျွင်းဖုန်က ရင်ဘတ်ကိုထုကာ သူ့ကိုယ်သူကြေငြာလိုက်သည်။
အကယ်၍ သူတို့တကယ်ကြီးလာရဲရင် ငါသူတို့အားလုံးကို အမှုန့်ကြိတ်ပစ်မယ်...
ရှန့်ယွီချောင်က လင်ကျွင်းဖုန်ကို ကြည့်ရင်း မျက်လုံးလှိမ့်လိုက်ကာ မော့တိကိုကြည့်လိုက်၏။
ရှောင်တိ...ဘာမှမစိုးရိမ်နဲ့...ကျောင်းဖိုရမ်မှာ အာကျယ်နေတဲ့ကောင်ဆိုလို့ ငါးယောက်၊ ခြောက်ယောက်လောက်ပဲရှိတာ...သူတို့ ရောက်လာရင်တောင် ပြဿနာမရှိဘူး...ဒီအကိုကြီးက အားလုံးဖြေရှင်းပေးမယ်...
![](https://img.wattpad.com/cover/340754348-288-k851077.jpg)
Part-92
Start from the beginning