အပိုင်း(၄၇၇)

Start from the beginning
                                    

ရက်ပိုင်းခန့်ကြာပြီးနောက် မို့ထင်က သူ့စီးပွားရေးလုပ်ငန်းကို အရည်အချင်းရှိသူ လက်ထဲအပ်ခဲ့ပြီး သူ့ဇနီးသည်နှင့်အတူတူ ယူအက်စ် ခရီးထွက်လာခဲ့သည်။

ဤခရီးစဉ်အတွင်း ထျန်းနင် ကိုယ်ဝန်ဆောင်နေရ၍ မို့ထင်က အထူးဂရုစိုက်ကာ သက်တော်စောင့်များစွာ ငှားရမ်းသည်။

မည်သူကမျှ ထျန်းနင်အနား မကပ်နိုင်ပေ။

အကယ်၍ ထျန်းနင်က လူတချို့က မေးခွန်းမေးမြန်းမှုကို ရှောင်တိမ်းခဲ့လျှင် သူမ၏အဆင့်အတန်း မြင့်မားသွား၍ ဘဝင်မြင့်သွားသည်ဟု ထင်သွားနိုင်သည်။

Taka၏ အေဂျင်စီကလည်း သူတို့မင်းသားက အာရှရုပ်ရှင်ဈေးကွက်ထဲ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သွား၍ အာရှအကျော်ကြားဆုံး သရုပ်ဆောင်မင်းသမီး အများစုက ကြွေနေကြသည့်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယခုပွဲလေးကို စိတ်ဝင်စားသည့် ပရိသတ် ပိုများလာ၍ မို့ထင်က ထျန်းနင်၏လုံခြုံရေးကို အထူးဂရုစိုက်ရသည်။

သို့သော်လည်း ဤဖြစ်ရပ်များ မတိုင်ခင် ရှားယွီလင်းက ထျန်းနင်ကို ဖုန်းဆက်လာခဲ့သည်။ ထျန်းနင် အိပ်မောကျနေ၍ မို့ထင် ဖုန်းကိုင်ခဲ့သည်။
"အမေ မို့ထင်ပါ"

ရှားယွီလင်းက ပြန်မဖြေခင် ခဏမျှ တိတ်ဆိတ်နေသည်။
"မို့ထင်၊ ထျန်းရွှမ်က ထျန်းအုပ်စုကို လှည့်ဖျားဖို့ ကြိုးစားလာတယ် သူက အမေ့ကို ဆန့်ကျင်ဖို့ နည်းလမ်း တွေ့သွားပုံပဲ။ သူ့ကလေးကို အသုံးချပြီး ခြိမ်းခြောက်လာတာ ပိုပို မောက်မာလာတယ်။ ဒါမို့ ရှောင်နင် ကိုယ်ဝန်ဆောင်ထားရတဲ့ သတင်းကို မကြေညာသင့်ဘူးလို့အမေ ထင်တယ်။ ဒါမှ အမေ့သမီးလေး ဘေးကင်းလုံခြုံမှာလေ"

"ဒီကိစ္စကို ထျန်းနင်နဲ့ ဆွေးနွေးကြည့်ပြီးပြီ။ တို့တွေ အတွေးတူနေကြတယ်"

"ဒါဆို ကောင်းတာပေါ့"

"အမေ အကူအညီလိုအပ်သေးလား"

" အခုတော့ မလိုအပ်သေးပါဘူး။ ကလေးကို အသုံးချဖို့ ဘယ်လို အစီအစဉ်ဆွဲထားလဲ စောင့်ကြည့်ချင်သေးတယ်။ အမေ သည်းမခံနိုင်တဲ့ အတိုင်းအတာ ရောက်ရင်တော့ သူ့အဘိုးနဲ့ စကားပြောရလိမ့်မယ်"
ရှားယွီလင်း ပြန်ဖြေသည်။

" သူ့အဆင့်အတန်းကို မြှင့်ဖို့ သူ့သားကို အသုံးချချင်ရင်တော့ အိပ်မက်သာ ဆက်မက်နေလိုက်တော့။ အဖေက ကလေးကိုပဲ ခေါ်ထားမယ်။ အမေကိုတော့ လက်မခံဘူးလို့ ပြောခဲ့ပြီသားပါ"

" သူ ကြိုးစားရင်တောင် ဘာမှ မဖြစ်လာနိုင်ဘူး။ ထျန်းနင်မှာလည်း ကလေးရှိတယ်လေ။ ထျန်းနင်ကို မပြောဘူးဆိုတာ ထျန်းနင်ကို မစိုးရိမ်စေချင်လို့ပါ"

"ကျွန်တော့်ကာကွယ်မှုအောက်မှာ ထျန်းနင် ဘာမှ မဖြစ်ပါဘူး"

"အမေက သားကို ယုံကြည်ပါတယ်။ သားအပေါ် အကြွေးတင်သလို့ ခံစားရတဲ့ အချိန်တွေ ရှိတယ်။ အမေ့သမီးလေးကို သားက တန်ဖိုးထားပေးတာ ဂရုစိုက်ပေးတာက အမေ အတိတ်ဘဝတုန်းက ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံတွေကြောင့် ဖြစ်မှာပါ"

ရှားယွီလင်းက ခံစားချက်များ စို့နင့်လာ၍ စကားလမ်းကြောင်း ချက်ချင်းလွှဲပစ်သည်။
"မြန်မြန် အနားယူတော့ အမေ မနှောင့်ယှက်တော့ဘူး"

သို့သော်လည်း ဖုန်းချလိုက်ပြီးနောက် မို့ထင်က ပြတင်းပေါက်အနား မတ်တတ်ရပ်ကာ အတွေးထဲ နစ်မြောနေမိသည်။

အပိုင်း(၄၇၇)
ပြီး၏။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now