ရန်လဲ့လဲ့က နေ့ခင်းမှာအိမ်ပြန်သွားပြီးတော့ နင်းမုန့်ယောင်သူမကိုပြောလိုက်တာကို ရန်ကျူးကိုပြန်ပြောပြလိုက်သည်။ရန်ကျူးကချက်ချင်းပဲ သတင်းကောင်းကိုပြောဖို့အတွက် ရွာသားတွေကိုစုခိုင်းလိူက်သည်။

နောက်တစ်နေ့မနက်မှာတော့ လူအုပ်ကြီးတစ်အုပ်က နင်းမုန့်ယောင်အိမ်ရှေ့တံခါးပေါက်မှာ မတ်တပ်ရပ်နေကြသည်။အဲ့ဒီမှာ ကလေးတွေနဲ့အတူ မိဘ‌ေတွကလည်း စာအုပ်ဝေတာကို ကြည့်ဖို့ ရောက်လာခဲ့ကြသည်။

နင်းမုန့်ယောင်က တံခါးပေါက်ကိုဖွင့်လိုက်ပြီးသူတို့ကို တစ်ယောက်ပြီးမှတစ်ယောက်တန်းမစီခိုင်းခင် အရင်ဆုံးနှုတ်ဆက်လိုက်သည်။ရန်လဲ့လဲ့က နင်းမုန့်ယောင်ဘေးနားမှာ ရပ်နေသည်။နာမည်တစ်ခုတပ်လိုက်တိုင်း သူမကထိုကလေးကို စာအုပ်သုံးအုပ်ပေးလိုက်သည်။ထိုနေရာမှာ စုစုပေါင်း ကလေး နှစ်ဆယ့်ခြောက်ယောက်ရှိသည်။သူတို့အားလုံးက သူတို့စာအုပ်တွေကိုပျော်ရွှင်စွာပိုက်ထားကြပြီး ထပ်ကာထပ်ကာထိတွေ့နေကြ၍ လက်ထဲမှမချချင်ကြပေ။

"မနက်ဖြန်ကြရင် ဒီစာအုပ်တွေယူလာဖို့ သတိရကြနော် နားလည်လား???" နင်းမုန့်ယောင်က ပျော်ရွှင်နေကြတဲ့ကလေးတွေကိုကြည့်ပြီး ပြုံးလိုက်သည်။

"ဟုတ်ကဲ့!!"

စာအုပ်တွေရပြီးတဲ့အခါမှာ ရွာသားတွေက ကလေးတွေကို အိမ်ပြန်ခေါ်သွားကြသည်။သူတို့ကအိမ်ပြန်ရောက်တာနဲ့ သည်းမခံနိုင်တော့ဘဲ စာအုပ်များကိုလှပ်ကြည့်လိုက်ပြီး လှပစွာရေးထားတဲ့စာလုံးတွေကို မြင်လိုက်ရသည်။နင်းမုန့်ယောင်က တကယ့်ကို တော်တဲ့လူတစ်ယောက်ပဲဖြစ်သည်။ဒီစာအုပ်တွေကဝယ်မယ်ဆိုရင် ပိုက်ဆံရာချီကုန်ကျနိုင်သည်။ဒါတွေက ကူးယူထားတာဆိုပေမယ့်လို့ အကုန်လုံးလုပ်ပြီးဖို့ဆိုရင် အချိန်တွေအများကြီးယူရလိမ့်မည်ဖြစ်သည်။

နောက်တစ်နေ့တွင် နာမည်စာရင်းပေးထားကြသောကလေးများသည် မနက်စာစားပြီးနောက် စောစောသွား၍ တံခါးပေါက်ရှေ့တွင် စောင့်နေကြသည်။နင်းမုန့်ယောင်က နည်းနည်းနောက်ကျမှစချင်ပေမယ့်လည်း ရွေးချယ်စရာမရှိဘဲ သူတို့ကိုအထဲဝင်ခိုင်းလိုက်ပြီး စားပွဲတွေ ကုလားထိုင်တွေသေချာစီထားတဲ့ခြံဝင်းထဲကို ဝင်ခိုင်းလိုက်သည်။

ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေးWhere stories live. Discover now