အပိုင်း(၄၇၁)

Zacznij od początku
                                    

ဖန်ယွီက ယခုပြဿနာကို အထွန့်မရှည်ချင်သော်လည်း ဟန်ရှင်းအာ ရန်စခံရသည့် အကြောင်းကို မို့ထင် သိအောင် အစီရင်ခံသည်။

သူကိုယ်တိုင်ရော ၊ လုချယ် နှင့် မို့ထင်ကပါ သူတို့ဇနီးသည်ကို တခြားသူ အနိုင်ကျင့်ခွင့် ပြုသူ မဟုတ်ခဲ့၍ ပိုင်ချန်သုန်၏လုပ်ရပ်ကို အနည်းငယ် စိတ်ပျက်မိသည်။

မို့ထင်က ဖန်ယွီ၏စိုးရိမ်မှုကို နားလည်မိသည်။ ဤပြဿနာက သူ့လို အလုပ်ရှုပ်သူအတွက် အရေးပါသည်ဟု သတ်မှတ်၍ မရသော်လည်း အလုပ်ပြီးစီးသွားပြီးနောက် ပိုင်ချန်သုန်ကို ဖုန်းဆက်သည်။
"မင်း ရှင်းအာကို ပိုးပန်ဖို့ အသည်းအသန် ကြိုးစားခဲ့ပြီးမှ အခုတော့ မင်းက အဝေးကို တွန်းထုတ်နေပါလား။ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"ဒါက မင်းနဲ့ ဘာများ သက်ဆိုင်နေလို့လဲ"
ပိုင်ချန်သုန်က ကလေးဆန်စွာ ခွန်းတုံ့ပြန်သည်။

"ငါက ပုံမှန်ဆိုရင် ဒီလိုကိစ္စတွေ ဝင်မပါတတ်ပေမဲ့ ဒီကနေ့ ဟန်ရှင်းအာ အနိုင်ကျင့်ခံရတယ်။ ဒါတွေအားလုံးက မင်းရဲ့အမှား မကင်းဘူးလေ"

"ငါသာ ဟန်ရှင်းအာဆိုရင် မင်းကို ဒီတစ်သက် စကားထပ်မပြောတော့ဘူး"

"မင်းက ယောက်ျားတစ်ယောက်ပဲလေ၊ မင်းရဲ့မိန်းကလေးကို တခြားသူ အနိုင်ကျင့်နေတာ မင်း ဒီအတိုင်း လက်ပိုက်ကြည့်နေမှာလား"

"နောက်ပြီး ငါ့မိန်းမကို ညသန်းခေါင်ယံကြီး ထပ်ဖုန်းမဆက်နဲ့တော့။ သူ့ကို မနှောင့်ယှက်ဖို့ မင်းကို သတိပေးနေတယ်နော်"

"မင်းက အဲလောက်အထိ မကြင်နာတတ်မှန်း ငါ သိပါတယ်။ နောက်ဆုံးတော့ မင်းမိန်းမကြောင့် ငါ့ကို ဖုန်းဆက်မှန်း ငါသိလိုက်ပါပြီ"
ပိုင်ချန်သုန်က ဖုန်းမချခင် မကျေမနပ် ပြောဆိုသည်။ လက်ရှိအချိန်မှာ သူက ရုပ်ရှင်ရိုက်ကွင်း ရောက်နေသော်လည်း ဖုန်းချလိုက်ပြီးနောက် မိတ်ကပ်ဖျက်ပေးရန် မိတ်ကပ်ပညာရှင်ကို ချက်ချင်း ညွှန်ကြားသည်။ ထို့နောက် တစ်နာရီအတွင်း ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ရောက်ရှိသွားပြီး အပြင်ဘက်မှာ စောင့်ဆိုင်းနေသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Opowieści tętniące życiem. Odkryj je teraz