"ယောင်ယောင် ဒါတွေကတအားဈေးကြီးတယ်"
"ဒါကအဆင်ပြေပါတယ်။ငါတို့အိမ်ပြန်ရောက်တာနဲ့ စာရွက်ကိုဖြတ်ပြီး စာအုပ်တွေဆီက ကူးလိုက်မယ်" နင်းမုန့်ယောင်ကစိတ်မပူတာကြောင့် ခေါင်းရမ်းလိုက်တယ်။
နင်းမုန့်ယောင်က စုစုပေါင်းစာအုပ်ဆယ်အုပ်ဝယ်ခဲ့သည်။သူမက စာအုပ်အားလုံးကို ကူးယူဖို့သာအချိန်ပေးရပြီး ၎င်းတို့က တစ်လျံထက်ပိုကုန်ကျပေမယ်လို့ နှစ်ခုထက်တော့မပိုဘူး။
"နင်အဲ့ဒါလုပ်တဲ့အချိန်ကျရင်ငါလည်းကူညီပေးမယ်။ငါကစာမရေးတတ်ပေမယ့် စက္ကူတွေဖြတ်ရင် ကူေပးလို့ရတယ်" ရန်လဲ့လဲ့က တွေးပြီးပြောလိုက်သည်။
"ဒါဆိုရင်တော့ကောင်းတာပေါ့" နင်းမုန့်ယောင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။စာအုပ်တွေဝယ်ပြီးတဲ့အခါမှာ နင်းမုန့်ယောင်က လိုအပ်တဲ့ပစ္စည်းတွေကို မပြန်ခင်ဝယ်ဖို့လုပ်သည်။
အိမ်ပြန်ရောက်တဲ့အခါမှာ နင်းမုန့်ယောင်က စားပွဲတစ်လုံးကိုယူပြီး စာမရေးခင် မှင်နဲ့စုတ်တံတွေတင်ထားလိုက်သည်။သူမ တစ်ခုရေးပြီးသွားတဲ့အခါမှာ ရန်လဲ့လဲ့က (စာအုပ်)အနှောင့်ကို ကြိုးအထူကြီးနဲ့မချုပ်ခင် ဆီစိမ်စက္ကူနဲ့ ဂရုတစိုက်ချည်နှောင်သည်။သူတို့က မြို့ကနေပြန်လာချိန်ထဲက အလှုပ်ရှုပ်နေကြပြီး နေ့ခင်းရောက်တဲ့အခါမှာ "ကျောင်းသားများနှင့်တပည့်ကောင်းဖြစ်ဖို့ရာ စံနှုန်းများ"ဆိုတဲ့ စာအုပ်ကို ကူးပြီး ချုပ်ကြသည်။
နင်းမုန့်ယောင်က စာအုပ်သုံးဆယ်ကိုကြည့်ပြီးပြုံးလိုက်သည်။ရန်လဲ့လဲ့က စားပွဲပေါ်ကစာအုပ်တွေကိုကြည့်လိုက်သည်။ပြီးမြောက်အောင်မြင်သွားတဲ့ ခံစားချက်ကိုရတာကြောင့် သူမက အကြုံပြုလိုက်သည်။
"ငါမနက်ဖြန်လည်းကူညီဖို့ထပ်လာခဲ့မယ်"
"ဒါဆိုရင်တော့ ငါ့ကိုကူညီဖို့ နင့်ကို ဒုက္ခပေးရတော့မှာပဲ"
"နင်အဲ့လိုပြောစရာမလိုပါဘူး" ရန်လဲ့လဲ့က ဂရုမစိုက်ဘဲ လက်ခါပြလိုက်သည်။
ထိုညတွင် ရန်လဲ့လဲ့သည် သူမအိမ်မပြန်ခင်တွင် နင်းမုန့်ယောင်အိမ်၌ ညစာစားသွားသည်။ရန်ကျူးနဲ့ သခင်မကြီးရန်က တံခါးကနေ စိုးရိမ်တကြီးနဲ့ရပ်စောင့်နေကြသည်။သူတို့က သူမရဲ့ပုံသဏ္ဌာန်ကိုမြင်လိုက်ရတော့မှပဲ စိတ်ပူတာလျော့သွားကြသည်။သူတို့ကို တံခါးပေါက်မှာမြင်လိုက်မှ ရန်လဲ့လဲ့က သူမနင်းမုန့်ယောင်ကိုစာအုပ်ကူချုပ်ရင်းအလုပ်များနေတာနဲ့သူမမိဘတွေကို အသိပေးဖို့မေ့သွားတယ်ဆိုတာ သတိရသွားသည်။
أنت تقرأ
ဗိုလ်ချုပ်ကြီးရဲ့လယ်သမားဇနီးလေး
المغامرةသူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေရာကြောင့်နဲ့ သူမချစ်သူက သူမကိုပြောခဲ့တယ် "ယောင်အာ မင်းဘာလို့ကိုယ့်ရဲ့ဒုတိယမိန်းမ မလုပ်တာလဲ" ထားလိုက်...