magic of love 2🥟

3.5K 100 6
                                    

မျက်ဝန်းသွင်က မဟာစံအိမ်မှာ အလုပ်လုပ်ရတာ အဆင်ပြေတာထက်ပိုပြီး အဆင်ပြေနေပြီဖြစ်သည်။ မိသားစုအားလုံးက ဝန်းကို 'ဆရာလေး'လို့ ပါးစပ်ကနေမချ ခေါ်ကြသည်။ တကယ်ဆို မျက်ဝန်းသွင်မှာ nurse တွေလောက် မသိတဲ့ ဆေးပညာ ဗဟုသုတတွေကများပါသည် ဆရာလေး လို့ခေါ်တာက အားနာစရာကြီးလို ဖြစ်ခဲ့တယ်။ နောက်ပိုင်း မဟာစံအိမ်ကလူတွေကြောင့် မျက်ဝန်းသွင်က အကျင့်သားရနေပြီလေ။ အစက အဘွားရဲ့သား ဦးမဟာမင်းကို ဝန်းကြောက်သော်လည်း ဦးလေးက မျက်ဝန်းသွင်ထင်သလို လူမျိုးမဟုတ်ပါဘူး။ ဖော်ရွေတတ်ပါတယ်။
အရမ်းအေးတော့ စကားသိပ်မပြောတတ်တဲ့လူပါတဲ့ အန်တီဒေစီကပြောပြတယ်။

.......

ညဘက်အချိန် ဝန်းက ဗိုက်ဆာလာတာမလို့ အိမ်အောက်ထပ်က မီးဖိုချောင်အခန်းကို ဝင်လာပြီး ရေခဲသေတ္တာထဲက စားဖို့တစ်ခုခုကို ရှာဖွေနေတယ်။ ညနေစာမစားရထားတာကြောင့် ဝန်းက အခုတော့ ညသန်းခေါင်ကြီးမှာ ဗိုက်ထဆာလာတယ်‌လေ။ ရေခဲသေတ္တာထဲ ဘာစားချင်လဲ ယူစားနော်လို့ အိမ်ရှင်တွေကပြောပေမယ့်လည်း ဝန်းက အားနာလို့ ကိုယ့်ဟာကိုယ်စားဖို့အတွက် တစ်ယောက်စာ ကြိုဝယ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားခဲ့တယ်။

ဖုန်းမီးနဲ့ ရေခဲသေတ္တာရှေ့မှာ ကြွက်ကလေးလို ဟိုရှာဒီရှာလုပ်နေလို့ ဈာန်ဒီတိုင်းရပ်ကြည့်နေလိုက်တယ်။ ဒီဟာလေးက ပိန်းနေတာလား၊မီးမဖွင့်ဘဲ မှောင်မှောင်ကြီးနေနေတာ မသိရင် သူခိုးလိုလိုနဲ့ လူကိုလန့်အောင်လုပ်နေတယ်။

" ငါ့ပန်းသီးလေး ဘယ်မှာပါလိမ့် ငါသေချာပေါက် အန်တီသူဇာကို မှာ ဝယ်ခဲ့ပါတယ် မဝယ်မိခဲ့တာများလား

မရှိလည်း ထားလိုက်ပါတော့ ဒီနို့ကိုပဲသောက်ပြီးဗိုက်ဖြည့်လိုက်တော့မယ်"

အသင့်ဖောက်သောက် နို့ဗူးကို တစ်ငုံလောက်သောက်လိုက်ကာ ရေခဲသေတ္တာတံခါးကိုပိတ်လိုက်ပြီး ပြန်လှည့်လာစဉ် သူ့ထက်မြင့်တဲ့အရိပ်မည်းကြီးက ရပ်နေတော့ မျက်ဝန်းသွင်လန့်သွားပြီး ဖုန်းမီးနဲ့
ထိုအရိပ်မည်းကြီးရဲ့အပေါ်ပိုင်းမျက်နှာတည့်တည့်ကို ထွန်းကြည့်လိုက်တယ်။

magic of love(爱的魔法)unicode/zawgyiWhere stories live. Discover now