magic of love 9🥟

3.8K 114 28
                                    

warning ပိစိလေးပါ၏။

လူကြီးတွေကစ ဦးဆောင်ပြီး ရက်ကောင်းရွေးပြီးတော့ ဒီနေ့ဟာ မဟာစံအိမ်က ဒုတိိယသခင်လေး ဈာန်မဟာမင်းခန့်နဲ့ မျက်ဝန်းသွင်တို့ရဲ့ စေ့စပ်ပွဲလေးဖြစ်ပါတယ်။
မျက်ဝန်းသွင်မှာ မိဘတွေမရှိတော့လို့ ဒေါက်တာဦးမြင့်နိုင်နဲ့ မရတီထက်တို့က မျက်ဝန်းသွင်ရဲ့လူကြီးတွေအဖြစ် စေ့စပ်ပွဲကို လာပေးကြတယ်။ ညီမလေး နှင်းမြသွင်က သူ့အစ်ကို စေ့စပ်မှာဆိုတော့ အရံအဖြစ်လိုက်လာတာပေါ့။

စေ့စပ်ပွဲကို မဟာစံအိမ်မှာပဲလုပ်မှာဖြစ်လို့ အပြင်အဆင်တွေလည်း အဆင်သင့်ဖြစ်ပြီးသားဖြစ်တယ်။
နှစ်ဖက်မိဘ ‌ဆွေမျိုးလူကြီးတွေကလွှဲ လူမများတာကြောင့် အလောတကြီးလုပ်စရာမလိုပါ။
ဒီဘက်မှာ အရင်‌ဆုံး စေ့စပ်ထားပြီးမှ ဈာန်တို့နှစ်ယောက်က ကနေဒါမှာပဲ လက်ထပ်ဖြစ်မယ်။ ဒီနိုင်ငံမှာက အယူအဆတွေသိပ်များတာမလို့
ကနေဒါမှာပဲ ပျော်ပျော်ရွှင်ရွှင်ကျင်းပဖို့ သဘောတူလိုက်ကြတယ်။

" ‌ဈာန် အဆင်သင့်ဖြစ်ပြီလား..
အောက်မှာ လူကြီးတွေရောက်နေကြပြီထင်တယ် "

" ဘယ်လိုခေါ်လိုက်တာလဲ"

" ဟင် "

အသင့်ထုတ်ပေးထားသော အဖြူရောင် suit ကို ဝတ်ပြီး နက်ခ်တိုင်အား ချည်ပေးဖို့ ဈာန်က ဝန်းနဲ့နီးနီးလေးကပ်လာတယ်။

" မောင်လို့ ခေါ်ဖို့ပြောထားတယ်လေ"

".ဒါက..ငါ အကျင့်မဖြစ်သေးလို့ပါ. မောင်ကလည်း "

ဈာန် အရမ်းကြားချင်နေတဲ့ နာမ်စားလေးကိုကြားရတော့ ကိုယ့်ကို နက်ခ်တိုင်ပြင်ပေးနေသော ဝန်းရဲ့ ခေါင်းကို တစ်ချက်နမ်းလိုက်တယ်။

" အခုကစပြီး လင်မယားတွေဖြစ်ကြတော့မှာကို ရင်ခုန်နေပြီ "

" ဖြစ်တောင်မဖြစ်သေးဘဲနဲ့ "

" ဒါဆို..အခုဖြစ်အောင်လုပ်လိုက်ရတော့မလား "

ဈာန်က စကားကို မကြားတစ်ကြားလေး ပြောနေပေမယ့် ဝန်းက ရှင်းရှင်းလင်းလင်းကြားရတော့ ရှက်သွားမိတယ်။

" နှာဘူးကောင် "

" ကိုယ့်ဇနီးကို ဘူးတာ
ထောင်မကျပါဘူး "

magic of love(爱的魔法)unicode/zawgyiWhere stories live. Discover now