magic of love 3🥟

3.6K 141 11
                                    

" မင်္ဂလာပါရှင့် အန်တီဒေစီ "

" သမီးက.."

body fit ဂါဝန်ကို ဝတ်ထားပြီး မျက်နှာပေါ်မှာ ပါးနီရဲရဲ၊နှုတ်ခမ်းနီ ပန်းရောင်ဆိုးထားကာ အိမ်ရှေ့မှာ ဒေစီကိုမြင်တော့ နှုတ်ဆက်လိုက်တဲ့မိန်းကလေးတစ်ဦး။

" သမီးက ကလျာလေ ဦးမြင့်မိုရ်ထွန်းနဲ့ ဒေါ်နန်းထိုက်စံရဲ့သမီးပါ "

" ဪ..သမီး ကလျာလား..အရွယ်ရောက်လာတော့ အန်တီတောင်မမှတ်မိတော့ပါလား လာဝင်လာလေ "

" thanks အန်တီ "

ဆိုဖာပေါ်မှာ ခြေလိမ်ချိတ်ထိုင်ထားပြီး တစ်ယောက်ယောက်ကိုရှာနေသလိုဖြစ်နေလို့ ဒေစီမေးလိုက်တယ်။

" ဘွားဘွားကိုလာကြည့်တာလား သမီး "

" ဟုတ်တယ် အန်တီရဲ့ ဒါနဲ့လေ ကိုကိုမဟာ အိမ်မှာရှိလားဟင် "

" ဒီနေ့က ရုံးဖွင့်လို့ သားက အိမ်မှာမရှိဘူးကွဲ့ "

ဒေစီက သောက်စရာတစ်ခုခုကို ကလျာ အရှေ့မှာ ချလိုက်တယ်။

" အာ..ဟုတ်သား..သမီးလေ ဘွားဘွားကြီးဖို့ လက်ဆောင် ဂျင်ဆင်းသောက်ဆေးယူလာပေးတယ်..ဒီမှာ"

" ကျေးဇူးတင်ပါတယ် သမီးကလျာရယ်..ဒါဆို ခဏစောင့်ဦးနော် အန်တီ ဘွားဘွားကြီးကို သွားခေါ်ပေးမယ် "

" ဟုတ်ကဲ့ "

ကလျာက အိမ်ထဲမှာ ချိတ်ထားတဲ့ ဓာတ်ပုံတွေကို တစ်ခုမကျန်ကြည့်နေလိုက်တယ်။

ကိုကိုတို့ မိသားစုဓာတ်ပုံထဲမှာ ဒီဘက်က မျက်ခုံးထူထူနဲ့ကလေးက ကိုကိုမဟာဖြစ်လောက်တယ်။
ငါ့ခင်ပွန်းလောင်းလေးက ချစ်စရာကြီး။

" အမေ.. သူက နန်းထိုက်ရဲ့သမီး ကလျာမြင့်မိုရ်ပါတဲ့ "

ခဏအကြာ အန်တီဒေစီနဲ့အတူ ဘွားဘွားကြီးကရောက်နေပြီ။ပြီးတော့ ဘွားဘွားကြီးရဲ့ဘေးမှာ ရပ်နေတဲ့ ကောင်လေးတစ်ယောက်။
အဲ့ကောင်လေးကို ကလျာ ဘယ်မှာမြင်ဖူးနေတာပါလိမ့်။

" မင်္ဂလာပါ ဘွားဘွားကြီး "

" အေအေ မင်္ဂလာပါကွယ်..ဦးမြင့်မိုရ်ထွန်းရဲ့သမီးကို အဘွားမတွေ့တာတောင်ကြာပြီ "

magic of love(爱的魔法)unicode/zawgyiWhere stories live. Discover now