magic of love 6🥟

3.4K 137 27
                                    

ကနေ့က ဦးမဟာမင်းလက်ထက်ကစလို့ ဈာန်မဟာမင်းခန့် လက်ရှိ ဦးဆောင်နေတဲ့ MD ကုမ္ပဏီကြီးကို တည်ထောင်လာခဲ့တာ 18 နှစ်တိတိပြည့်သွားပြီ။ ဒါကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ မဟာစံအ်ိမ်မှာ party ကြီးကြီးတစ်ခု လုပ်ကြမှာ။party အချိန် ည 6 နာရီကနေ 9 နာရီထိဖြစ်ပြီး အိမ်က အလုပ်သမားတွေအားလုံးဟာ တစ်မနက်လုံး အလုပ်ရှုပ်နေကြပါတော့တယ်။

အထက်တန်းစား စီးပွားရေးပိုင်းလူကြီးတွေရော၊ ကုမ္ပဏီက အလုပ်ဝန်းထမ်းတွေအပါ လာမှာမလို့ ပေါ့ပေါ့ပျက်ပျက်လုပ်မရတာကြောင့် party ရက်မတိုင်ခင်ကတည်းက ကနေဒါကနေ ဈေးကြီးဝိုင်တွေ လေယျာဉ်နဲ့ သယ်ကာ သိမ်းထားပြီးပြီ။

ဈာန်က သူ့လက်ပတ်နာရီကိုကြည့်ပြီး အခုမှ ညနေ 3 နာရီဆိုတော့ အချိန် 3 နာရီရသေးတယ်။
လူတွေကြားထဲမှာ ဟိုပြေးဒီပြေးနဲ့လုပ်နေသော လူသားငယ်ကို ဈာန် ခေါ်ဖို့ သွားလိုက်တယ်။
ဘယ်သူက သူ့ကို အဲ့တာတွေလုပ်ခိုင်းလို့ အလုပ်ရှုပ်နေတာလဲ။

" လာ..သွားမယ် "

မပြောမဆိုနဲ့ ကိုယ့်အရှေ့ကို သရဲလိုပေါ်လာပြီး မျက်ဝန်းသွင်ရဲ့လက်ကောက်ဝတ်ကို သွားဆွဲနေတဲ့ ဈာန်ကြောင့် လန့်သွားရတယ်။

" ဘာလုပ်တာလဲ..အလုပ်လုပ်နေတာ မမြင်ဘူးလား "

" လုပ်စရာမလိုဘူး..ကျုပ်နောက်လိုက်ခဲ့ပေး "

" အာ့..ဈာန်.."

ကိုယ့်ထက်ကြီးတဲ့ အဒေါ်တွေ၊အစ်မတွေကို ဝန်းက အားနာနေရတော့တယ်။

" ဈာန်..ဖြေးဖြေးလုပ်ပါ ငါလက်နာတယ် "

လက်တစ်ဆုပ်စာပဲရှိတဲ့ လက်ကောက်ဝတ်ကို သူ့အားကြီးနဲ့ ဆွဲကိုင်နေတော့ နာတာပေါ့။

" ကားပေါ်တက် "

" ဘယ်သွားမှာလဲဆိုတာ ငါ့ကိုမပြောသေးဘူး..ဟာဟေ့ ဘာလုပ်တာလဲ အားးးအောက်ချပေး "

စိတ်မြန်လက်မြန်နဲ့ ဈာန်က ဒါမျိုးဆိုမရ၊စကားရှည်နေသော ကိုယ်သေးသေးလေးကို 'မ'ချီပြီး ကားပေါ်တင်လိုက်တယ်။ ကားခါးပတ်ကိုပါ တစ်ခါတည်း ပတ်ပေးထား‌တော့တယ်။

"ငါ့အပေါ် တဇွတ်ထိုး လုပ်တာ ငါမကြိုက်ဘူးနော် ဈာန် "

ဈာန်က ဂရုမစိုက်ဘဲ ကားမောင်းနေတာကိုပဲ အာရုံစိုက်နေတယ်။

magic of love(爱的魔法)unicode/zawgyiOnde histórias criam vida. Descubra agora