အပိုင်း(၄၆၆)

Start from the beginning
                                    

ထျန်းရွှမ်တွင် လူသားဆန်သော ခံစားချက် အနည်းငယ် ရှိမည်လော။

ရှားယွီလင်းက ထျန်းအကြီးအကဲ၏မျက်ဝန်းကို တည့်တည့်ကြည့်ရှုသည်။ ထိုစဉ်အခိုက်အတန့် အိုမင်နေသော သူ့အကြည့်တွင် ထျန်းရွှမ်ကို မုန်းတီးသော အမုန်းများ တောက်လောင်နေသည်။

...

အခန်းအပြင်မှာ ဆရာဝန်လင်း ဖြစ်ပျက်သမျှ အားလုံးကို အသေးစိတ် ရှင်းပြနေခဲ့သည်။ သူ့ကို ခြိမ်းခြောက် ဖိအားပေးခံရသည်ဟု အယူခံဝင်သော်လည်း မို့ထင်က သူ့ကို ညှာတာပေးမည့် အတွေး မရှိခဲ့ပေ။

"ငါ့မိန်းမက ကိုယ်ဝန်ဆောင်လို့ မရဘူးလို့ သတင်းပေါက်ကြားအောင် လုပ်ခဲ့တာ ဘယ်သူလဲ"

"အဲလိုလုပ်ဖို့ ထျန်းရွှမ်က တခြားတစ်ယောက်ကို ရှာခဲ့တာပါ။ တကယ်တမ်း ဒါက ငါနဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
ဆရာဝန်လင်းက ထိတ်ထိတ်ပျာပျာ လက်ခါရမ်းသည်။

ချောင်ဆေးရုံအကြီးအကဲက ဆရာဝန်လင်း ဖော်ထုတ်ခဲ့သည့် အဖြစ်အပျက်များကြောင့် တုန်လှုပ်နေရသည်။ သူ့လို အပြင်လူတစ်ယောက်ကပင် ယခုလို အခြေအနေမျိုးကို တည်တည်ငြိမ်ငြိမ် မရင်ဆိုင်နိုင်ပေ။

"မို့သူဌေး၊ မစိုးရိမ်ပါနဲ့။ ဒီပြဿနာအတွက် ခင်ဗျား ကျေနပ်လောက်တဲ့ အဖြေပေးပါ့မယ်။ အခုပြဿနာမှာ ပတ်သက်သူအားလုံး ဆေးပညာလောကမှာ မရှိစေရပါဘူး။ အခုဖြစ်ရပ်က မင်းရဲ့မိန်းမအတွက် ဘယ်လောက်တောင် အန္တရာယ်များလဲ ငါတို့ ကောင်းကောင်း သိပါတယ်။ အချိန်မှီ အမှန်တရားကို စုံစမ်းမိသွားလို့ ကံကောင်းသွားတယ်။ မဟုတ်ရင် ဒီနတ်ဆိုးကောင်တွေ အောင်မြင်သွားလောက်ပြီ"

"ဒါဆိုရင် ခုချက်ချင်း ရဲခေါ်လိုက်ရမလား"

"ရဲခေါ်မယ် ဟုတ်လား။ မလိုအပ်ဘူး"
မို့ထင် ခနဲ့သည်။
"သူတို့ ဘာမှ မလုပ်ရသေးတော့ တရားသူကြီးက သူတို့ကို နှစ်နည်းနည်းလောက် ထောင်ချရုံပဲ အမိန့်ပေးမှာပေါ့။ ရဲလက်အပ်လိုက်ရင် သူတို့ပြစ်ဒဏ်က ပေါ့လွန်းသွားတယ်"

"ဒါပေမဲ့ မို့သူဌေး"

"ကျွန်တော့်မှာ တခြားအစီအစဉ် ရှိသေးလို့ ခင်ဗျားတို့ဆေးရုံကို အပြစ်အတွက် တာဝန် မယူခိုင်းပါဘူး။ ဒါ ကျွန်တော် ပေးနိုင်တဲ့ သဘောတူညီမှုပဲ။ ဒီလူတွေကို အပြစ်ပေးလို့ရတဲ့ နည်းလမ်းပေါင်း ထောင်ချီ ရှိပြီသားပါ။ သူတို့ကို ကျွန်တော်လက်ထဲ ထည့်လိုက်ပါ။ ကျွန်တော်ကိုယ်တိုင် သူတို့ကို စီရင်မယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now