33. Chapter closed

Depuis le début
                                    

" စကားကို ဘယ်လိုတွေ ပြောနေတာလဲ ရှင်း "

အနားကိုသွားပြီး ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်မိသည့်အခါ သူ့လက်တွေဖယ်ချခြင်း ခံလိုက်ရသည် ။ နောက်ပြီး ရှင်းသန့်က သူ့ကိုမကြည့်ဘဲ မျက်နှာလွှဲထား၏။ သည်အပြုအမူက သူ့နှလုံးသားကို အားပြင်းပြင်း ရိုက်ပုတ်လိုက်သလိုပင် ။

" ဘာဖြစ်နေတာလဲ ရှင်း ၊ တကယ်ဆို မောင်က မင်းကို စိတ်ဆိုးရမှာနော် "

" အင်း ... စိတ်ဆိုးလိုက် ၊ ပြီးရင် ငါ့ကို စိတ်နာပြီး မေ့လိုက် "

" ရှင်း "

ဘေးလွှဲထားသည့်မျက်နှာကို လက်နှစ်ဖက်ဖြင့် ထိန်းညှပ်ပြီး မျက်လုံးချင်း မရမက ဆုံစေလိုက်သည် ။ စိတ်ဆိုးရမည့်အစား စိတ်ပူလာ၏ ။ ရှေ့မှာရှိနေသူက မနေ့ညက သူ့လက်ကိုတစ်ညလုံး ဆုပ်ကိုင်ထားသူနှင့် မတူတော့သလို သူ့ရင်ခွင်ထဲ တိုးဝင်ကပ်တွယ်ထားသလိုလည်း မနူးညံ့တော့ပေ ။

" ဘာလို့ ဒီလိုစကားတွေ ပြောနေရတာလဲ ရှင်း ၊ မောင်က တကယ် စိတ်မဆိုးပါဘူး ၊ စိတ်မကောင်းဖြစ်ရုံလေးပါ ၊ မင်း အင်္ဂလန်သွားမဲ့ ကိစ္စကိုလဲ မောင်တားမယ်ထင်လို့လား ၊ မောင် ဘယ်တုန်းက မင်းဆန္ဒတွေကို ပိတ်ပင်တားဆီးဖူးလို့လဲဟင် ၊ ဒါပေမဲ့ မောင့်ကိုတော့ မင်း ကြိုပြောသင့်တယ်လို့ မထင်ဘူးလား ရှင်း ၊ မောင်က မင်းအတွက် သူစိမ်းလား "

ရှင်းသန့်က နှုတ်ဆိတ်နေသည်။ နောက်တစ်ကြိမ် သူ့လက်တွေကို ဆွဲချ၏ ။ ပြီးတော့ သူ့မျက်နှာကို စေ့စေ့ကြည့်ကာ

" မင်း သေချာလား ငါ့ဆန္ဒကို မတားဆီးမှာ "

" ဒါပေါ့ ...မင်းဖြစ်ချင်တာမှန်သမျှ မောင် အကုန်လိုက်လျောပေးမှာပါ ၊ မောင့်စိတ်ကို မင်းမသိဘူးလား "

" ငါတို့တွေ ဒီမှာပဲ ရပ်ရအောင် ဘုဏ်းဇေ ၊ အခုကစပြီးကိုယ့်လမ်းကိုယ်လျှောက်ကြရအောင် ၊ ငါမင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးပြီ "

သွားကြားထဲကနေ ထွက်လာသည့် ရေခဲရိုက်ထားသလို လေသံက ဘုဏ်းဇေရင်ဘတ်ကို ချွန်ထက်သည့်အရာ တစ်ခုခုဖြင့် ဆွဲဖြဲလိုက်သလိုပင် ။ အသွေးအသားတွေ စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ အမြင်အာရုံတွေ ပြာဝေသွား၏ ။ ပတ်ဝန်းကျင်တစ်ခုလုံး အိုးထိန်းစက်ပမာ ချာချာလည်သွားသည်။

Forget-Me-Nots  { Completed }Où les histoires vivent. Découvrez maintenant