Jeon စံအိမ်ထဲကကောင်လေးမှာတော့ တဖက်ကအကြံကိုမသိပဲ ပြုံးပျော်လျက် ရေမိုးချိုးပြင်ဆင်နေတော့သည်။
"ကိုယ့်နားရောက်ရင် မွှေးနေမှဖြစ်မယ် ဟိ မဟုတ်မှ company ခေါ်တာဆိုတော့ ဝန်ထမ်းရှေ့မှာများ လက်ထက်ခွင့်တောင်မလို့လား ဟိဟိ အဲ့လိုဆိုရင်တော့ အံ့ဩပါတယ်ဆိုပြီးမူမနေပဲလက်ခံပစ်မယ်"
အဝတ်အစားလဲရင်း မှန်ရှေ့မှာ သရုပ်ဆောင်ကြည့်ပြီး ပြုံးရွှင်နေတဲ့ကောင်လေးကတော့ သူအစားခံရတော့မယ်ဆိုတာမသိသေးပဲ အပျော်တွေအတော်မသက်နိုင်ဖြစ်နေတော့သည်။
"Taeလေး နေ့လယ်စာမစားဘူးလား"
"ဟီး ကြီးကြီး ဒီနေ့ ကိုကိုနဲ့ dateမလို့ အပြင်စားလိုက်မယ် သွားပြီနော်"
ပြာကလပ်စိန်လေးတစ်ယောက် အပြုံးတွေမရပ်နိုင်တာကြောင့် ရှေ့မှာကြိုရပ်ထားတဲ့ကားပေါ်ပြေးတက်ကာ Jeon company ကိုထွက်လာခဲ့သည်။
အိမ်တော်ထိန်းကြီးကြီးမှာတော့ ထယ်ပိစီကိုကြည့်ကာပြုံးလျက်ကျန်ခဲ့သည်။
At Jeon Company......
Taeတစ်ယောက် သူအတွေးနဲ့သူ ကျော့ကျော့လေး company ထဲဝင်လာခဲ့သည်။
"ဟိ ရင်ခုန်လိုက်တာ ကိုကလေ လုပ်မှာကိုရပ်ရွှေ့နေသေးတယ် လူကိုရင်ခုန်အောင် ခိခိ"
ဓာတ်လှေကားဆုံးသွားသည်နှင့် အပြင်ထွက်ကာ ကိုယ့်ရုံးခန်းစီကိုတည့်တည့်သွားပြီး တံခါးခေါက်လိုက်တော့ ဝင်ခဲ့ဆိုတဲ့အသံနဲ့တူ taeလည်းjkရုံးခန်းထဲဝင်ခဲ့လိုက်သည်။
"ကိုယ် အချစ်ရောက်ပြီ"
"ရောက်လာပြီလား ဒီကိုလာပါဦး"
သူ့နားကို လက်ယက်ခေါ်တဲ့ ပိုင်ရှင်ကြီးကြောင့် taeလည်း အနားကိုသွားရပ်လိုက်သည်။
Taeအနားရောက်တာနဲ့ သူကိုလက်ကဆွဲလိုက်တာကြောင့် ဟန်ချက်ပြတ်ကာ jkပေါ်ပေါ်ဖင်ထိုင်ရက်ကျသွားချိန် သန်မာတဲ့လက်တစ်စုံကလည်းခါးကိုရစ်ဖက်လာသည်။
ထိုအဖြစ်အပျက်ဖြစ်မှ taeစိတ်ထဲ တစ်ခုခုကြောက်လာသလို ကြက်သီးလေးတွေထလာသည်။
"ကိုယ် ဘာဖြစ်လို့လဲ"
"ကိုယ်လား ဘာမှမဖြစ်ပါဘူး ကိုယ့်အချစ်ကအရမ်းလှနေလို့ နမ်းမလို့ခေါ်တာ"
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
Part 23 🍑🍑~~~
Start from the beginning
