Unicode 💓
"သုံးဆောင်နိုင်ပါပြီဗျ"
"ဦးဦး မုန်လာဥဖြစ်ဖြစ် မုန်ညှင်းဖြစ်ဖြစ် ကင်ချီမလုပ်ဘူးလား"
"လုပ်ထားပါ့ နှစ်မျိူလုံးချပေးရမှာလား"
"နှစ်မျိုးရှိရင် နှစ်မျိုးလုံးချ ဟီး"
ပြုံးရယ်ပြီး ဆိုင်ရှင်ဦးလေးနဲ့ ပြောင်ပြောင်နောက်နောက်ပြောနေတဲ့ taeကို jkငေးကြည့်နေမိသည်။
"မောင် စားလေ မကြိုက်လို့လား"
"အော် မဟုတ်ပါဘူး"
Jkတစ်ခါမှဒီလိုတွေမစားဘူးပေမဲ့ သူ့ချစ်ရသူလေးစိတ်ချမ်းသာဖို့လိုက်ကျွေးရင်း မထင်မှတ်ပဲ သူပါအရသာကိုကြိုက်မိသွားသည်။
"ကြိုက်လား အရသာကို"
"အင်း ကိုယ်ဒီလိုတွေမစားဘူးတာတောင် တကယ် တစ်ခါစားလိုက်ရင်တစ်ခါလျှာပေါ်မှာစွဲစေတဲ့အရသာမျိုး ကိုယ်ကြိုက်တယ်"
"ပြောပါတယ် kookie ရောကြိုက်လား"
"ကြိုက်တယ် ပါးပါး"
"Myရော စားရတာအဆင်ပြေရဲ့လား"
"ပြေပါတယ် အကိုလေး ကျွန်တော်ကြိုက်တယ်"
"ဟုတ်"
"စားလို့ပြီးရင် သွားရအောင်လေ မောင်"
"အင်း မောင်ပိုက်ဆံသွားရှင်းလိုက်မယ် ကားထဲကစောင့်နေနော်"
"ဟုတ်"
My taeနဲ့ kookie လည်း ကားထဲဝင်နှင့်ပြီး jkကတော့ပိုက်ဆံရှင်းပြီးမှကားပေါ်တက်ခဲ့လိုက်သည်။
အိမ်တော်ကို ဖြည်းဖြည်းမှန်မှန်မောင်းရင် ကားလေးကလည်း ထိုဆိုင်လေးနားကနေထွက်ခွာခဲ့သည်။
အိမ်တော်ပြန်ရောက်တော့ ဗိုက်ဝသွားလို့ထင်ပါရဲ့kookieလေး taeပေါ်အိပ်လိုက်လာသည်။
"မောင် kookie ကိုခဏပွေ့ပေးပါဦး taeခြေထောက်ကြင်နေလို့"
"ကိုယ်ပြောသားပဲ လူပေါ်တင်ပြီးမသိပ်ပါနဲ့ဆို ထနိုင်လား အခု"
"ဟုတ် ရတယ် kookie ကို အရင်သွားသိပ်လိုက်ပါ နိုးသွားဦးမယ် taeနောက်ကဖြည်းဖြည်းချင်းလိုက်လာခဲ့မယ်"
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
