Unicode 💓
နောက်တနေ့မနက်မှာတော့ kookie တစ်ယောက်သူအပြစ်လုပ်မထားသလိုနဲ့ ပေါ့ပေါ့ပါးပါးအိမ်ပေါ်ထပ်ကဆင်းလာသည်။
"Daddy ရောမမ"
"သူဌေးလေးကဆင်းမလာသေးဘူး"
"အော် ဟုတ်ဟုတ်"
Kookie လည်း daddy ဆင်းအလာကို ဆိုဖာပေါ်မှာထိုင်ရင်းစောင့်နေလိုက်သည်။
တော်တော်လေးကြာတော့ လှေကားအတိုင်း ဆင်းလာတဲ့daddyကိုကြည့်ရင်း kookie အားကျနေမိသည်။
*လိမ်တာမဟုတ် တကယ်ပဲ kookie Daddy ကအရှိန်အဝါရှိပြီ အရမ်းကိုချောတဲ့သူပင် အလုပ်တွေများကြီးကိုဦးစီလုပ်ကိုင်နေတဲ့ သူဌေးကြီးဆိုလည်းမမှား kookie အိမ်မက်ကတော့ တနေ့daddyလိုဖြစ်ဖို့ပင်*
"Kookie ဘာတွေတွေးနေတာလဲ"
Jkအသံကြားတော့မှ ဆိုဖာပေါ်ကထပြီး jkနားသွားကာလက်ကလေးကိုတွဲလိုက်သည်။
"ဘာမှမဟုတ်ပါဘူး သားပညာတက်ကြီးဖြစ်ရင် daddy လိုအောင်မြင်တဲ့သူဌေးကြီးဖြစ်အောင်ကြိုးစားမယ်လို့တွေးနေတာ"
"အမလေး ဦးဦး kookie လေးကသေချာပေါက်ဖြစ်မှာပေါ့ စာလည်းတော်တယ် နောက်ကျရင်သားdaddyရဲ့အမွေတွေဆက်ခံရမှာ သေချာကြိုးစား ဟုတ်ပြီလား"
"ဟုတ် ဦးဦး အဲ့ကျရင် ဦးဦးကိုသားအတွင်းရေးမှူးလုပ်ခိုင်းမယ်"
"ဟမ်...ငါဘယ်ချိန်မှဒီသားဖရဲ့အတွင်းရေးမှူးဘဝကကျွတ်ပြီးရာထူးတိုးမှာပါလိမ့်"
"တသက်လုံးမတိုးဘူး" (သားဖနှစ်ယောက်ပြိုင်တူ)
"ကိုင်း...ဂွမ်းတာပဲ"
"ခိခိ ဦးဦးသနားပါတယ်"
"အံမယ် လှောင်ရီတယ်ပေါ့ ကလိထိုးမယ် လာခဲ့"
"ခိခိ စတာ မထိုးနဲ့လို့ ယားတယ် ခိခိ"
"ကဲ..တော်ပြီ ကျောင်းနောက်ကျမယ်"
"ကျောင်းရှိလို့ လွှတ်ပေးလိုက်မယ်"
Kookie ကိုကလိထိုးနေရင်းကနေလွှတ်ပေးလိုက်တော့ သူ့daddyနားသွားကပ်နေတော့သည်။
My လည်း jkလက်ထဲကအိတ်ကိုယူပြီး အိမ်ပြင်ကကားထဲထည့်ကာ နောက်တံခါးကိုဖွင့်ထားလိုက်သည်။
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
