12 🍑🍑 ~~~~🤭

5K 144 1
                                        

Unicode 💓

"ဟို အဲ့တာက လက်...လက်ဆောင်"

"ဘာအတွက်လဲ"

"ဟို..အဲ့တာကဘယ်လိုပြောရမလဲ"

Jkစဉ်းစားရခက်နေတဲ့ပုံကိုကြည့်ရင် ထယ်မသိမသာရယ်မိသည်။

"အင်း ပြောဦးလေ ဘာအတွက်ပေးတာလဲ"

"အဲ့တာက...koo.. kookie လေးကို သားလေးလိုဂရုစိုက်ပေးလို့"

"အော်...အင်းပါ ရပါတယ် ကျွန်တော်ကkookie ကိုတကယ်ချစ်လို့ဂရုစိုက်တာပါ ဒါနဲ့ ဒါလေးပြောဖို့ကိုဘာလို့ခေါင်းတွေအဲ့လောက်ကုတ်နေတာလည်း"

"ဒီတိုင်းပဲ...အိမ်ပြန်မှာမလား အိမ်လိုက်ပို့မယ်နော်"

"အင်း"

Jkလည်း ကားကိုစက်နှိုးပြီး ရပ်ကွက်ငယ်လေးကထယ့်အိမ်ကိုမောင်းခဲ့သည်။

မိနစ်အနည်းငယ်ကြာတော့ ထယ့်အိမ်ရှေ့ကိုရောက်ပြီမို့ ကားကိုရပ်လိုက်သည်။

"ရလား ကိုယ်ကူတွဲရမလား"

"ရပါတယ် ‌လမ်းလျှောက်လို့အဆင်ပြေတယ်"

"အော် အင်း ဂရုစိုက်နော်"

"ဟုတ် ခဗျားလည်းကားမောင်းရင်ဂရုစိုက်မောင်းနော်"

"အင်း"

ထယ်လည်းပြုံးပြပြီး အိမ်ထဲဝင်သွားတော့ ကားပေါ်ကjkမှာတော့ ထယ်မှာသွားတဲ့အမှာစကားလေးကြောင့် ရင်ထဲမှာလိပ်ပြာတွေတသီးတတန်းကြီးပျံဝဲနေတော့သည်။

ထယ်ကတော့ အိမ်ထဲဝင်သွားပြီး လိုက်ကာကနေမောင်းထွက်သွားတဲ့ ကားလေးကိုကြည့်ရင်း လက်ထဲကပန်းစည်းလေးကို ရှူရှိုက်လိုက်မိသည်။

Taeလည်း ရင်ဘတ်ထဲမှာတစ်စထက်တစ်စ ရင်ခုန်သံတွေမြန်နေတာတော့အမှန်ပင်။

Jk ထယ်စီကအပြန် kookie လေးကိုဝင်ကြိုပြီး အိမ်ကိုသာတန်းပြန်ခဲ့သည်။

သူ့အိမ်ရောက်တော့ myတောင်အိမ်ရောက်နှင့်နေပြီလေ။

Jk လည်းကားပေါ်ကဆင်းပြီး စံအိမ်ထဲဝင်ကာအပေါ်ထပ်အခန်းထဲတန်းဝင်သွားခဲ့ပြီး kookie ကတော့အဝတ်စားလဲကာ ပြန်ဆင်းလာသည်။

"Kookie ဒီကိုလာဦး"

"ဟုတ် ဦးဦး"

Kookie လည်းခြံထဲက ဒန်းလေးပေါ်မှာထိုင်နေတဲ့ myနားပြေးသွားလိုက်သည်။

My Darlin~~(TK) {Complete}Donde viven las historias. Descúbrelo ahora