Unicode 💓
"Boss အိမ်ပဲတန်းပြန်မှာမလား"
"မဟုတ်ဘူး ငါ့ကိုမနက်ကဟိုကောင်လေးအလုပ်လုပ်တဲ့နေရာလိုက်ပို့ပေး"
"ဗျာ"
"ငါပြောတဲ့ထဲအဲ့လောက်လန့်စရာပါလို့လား ဒါမှမဟုတ်ငါပြောတာကိုနားမလည်တာလား"
"ဟို...ဟိုကောင်လေး"
"သူကcakeဆိုင်မှာအလုပ်လုပ်တာလဲ အဲ့တော့ cakeသွားဝယ်မလို့ kookie တွက်"
သူဘာသာမလုံပြီး Kookie ကိုလွှဲချနေသော daddy jkပင်။
"ကျွန်တော်မမေးပါဘူး ဘာလို့ရှင်းပြနေတာလဲboss"
"ဘာ! ငါကမင်းကိုဘာလို့ရှင်းပြရမှာလဲ တော်ပြီစကားမများနဲ့မောင်းတော့ လျှာကိုရှည်တယ်မိကျောင်းသားလားမသိဘူး"
"မိကျောင်းမသားမဟုတ်ပါဘူး အမေ့သားပါboss"
"လစာအဖြတ်ခံချင်နေတာလား"
"မလုပ်ပါနဲ့bossရယ် စတာ..စတာ"
Myစိတ်ထဲမှာတော့....
*Cakeဆိုင်တွေဒီလောက်အများကြီးရှိတာကို အဲ့ကောင်လေးရှိတဲ့ဆိုင်မှတဲ့လား တစ်ခါမှလည်းလာဖူးတာမဟုတ် bossတော့မရိုးတော့ဘူး ခိခိ*
Myလည်း သူ့အတွေးနဲ့အတူပြုံးစိစိလုပ်ရင်းကားမောင်းနေတော့သည်။
"ရောက်ပြီ boss"
"အင်း"
Jkလဲကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်သွားတော့ myလည်း ကားသေချာရပ်ပြီး ဆိုင်ထဲအမြန်လိုက်ဝင်ရတော့သည်။
အရင်တစ်ခါလိုပြသနာတက်နေရင်းဒုက္ခဖြစ်ဦးမည်လေ။
သူဆိုင်ထဲဝင်လာတော့ ဆိုင်အပေါက်ဝမှာ မလှုပ်မယှတ်မတ်တပ်ရပ်နေတဲ့bossက မျက်တောင်လည်းမခတ်တစ်ခုခုကိုအသေအလဲငေးနေတာပင်။
"Boss ဘာရပ်လုပ်နေတာလဲသွားလေ"
Myလည်း ပြောတာကိုဘာမှပြန်မဖြေတဲ့bossကြောင့် မျက်လုံးရှေ့လက်ကာကြည့်တော့ မျက်တောင်လည်းတချက်မခတ်ပေ။
အဲ့တာကြောင့် myတစ်ယောက်သူ့bossကြည့်နေတဲ့နေရာ ခေါင်းစောင်းကြည့်လိုက်တော့ ဟိုကောင်လေးရှိနေသည်။
YOU ARE READING
My Darlin~~(TK) {Complete}
Fanfictionကတ်ကတ်လန်အောင်စွာတဲ့ကောင်လေးနဲ့ Company ပိုင်ရှင်လူပျိုကြီးတို့ဘယ်လိုတွေ့ကျမလဲ စတွေ့တဲ့အချိန်ကနေ ဘယ်လိုစုံစည်းသွားမလဲ... Kookie လေးကရော ဘယ်လိုတွေပါလာပြီ စုံစည်းအောင်လုပ်ပေးမလဲဆိုတာ "My Darlin💗" ဆိုတဲ့ ficလေးကို စောင့်မျှော်ပေးကြပါဦးနော်~~~~~~ ကတ္က...
